ကောင်စစ်ဆိုင်ရာ မြန်မာနိုင်ငံသားအကျိုး ဝန်ဆောင်မှုလုပ်ငန်းများ

ကောင်စစ်ဆိုင်ရာ မြန်မာနိုင်ငံသားအကျိုး ဝန်ဆောင်မှုလုပ်ငန်းများ
၁။ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့သည် ကောင်စစ်လုပ်ငန်းများအား အောက်ဖော်ပြပါ သတ်မှတ်နှုန်းထားများအတိုင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း တင်ပြအပ်ပါသည်-
| စဉ် | နိုင်ငံသားဝန်ဆောင်မှုလုပ်ငန်းများ | နှုန်းထား |
| (က) | နိုင်ငံကူးလက်မှတ် သက်တမ်းတိုးလျှောက်ထားခြင်း | ထိုင်းဘတ် ၁၂၅၀ |
| (ခ) | နိုင်ငံကူးလက်မှတ် ပျောက်ဆုံး/ ပျက်စီးလျှောက်ထားခြင်း ( ဒဏ်ကြေး + စာအုပ်အသစ်ကြေး) (၂၄၀၀+၁၂၅၀) |
ထိုင်းဘတ် ၃၆၅၀ |
| (ဂ) | ထိုင်းနိုင်ငံတွင် မွေးဖွားသည့် ကလေးများအတွက် နိုင်ငံကူးလက်မှတ် လျှောက်ထားခြင်း | ထိုင်းဘတ် ၁၂၅၀ |
| (ဃ) | မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်ထုတ်ပေးခြင်း (မွေးကင်းစကလေး မြန်မာပြည်ပြန်ခေါ်ရန်/ အလည်အပတ် လာရောက်စဉ် နိုင်ငံကူးလက်မှတ်ပျောက်ဆုံးခြင်း) |
ထိုင်းဘတ် ၄၀၀ |
| (င) | ထောက်ခံစာများ | ထိုင်းဘတ် ၁၀၀ |
၂။ အထက်ဖော်ပြပါ ဝန်ဆောင်မှုလုပ်ငန်းများအတွက် အကြံပြုလွှာ များပေးပို့လိုပါက စာတိုက်ပုံး မှ တစ်ဆင့် လည်းကောင်း၊ ဤကောင်စစ်ဝန်ချုပ်ရုံး ၏အီးမေးလ် [email protected] သို့ လည်းကောင်း အထောက်အထားနှင့်တကွ ပေးပို့နိုင်ပါကြောင်း အသိပေးအပ်ပါသည်။
ရက်စွဲ၊ ၂၀၂၃ ခုနှစ်၊ မတ်လ ၁ ရက်
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊
ချင်းမိုင်မြို့။
