Myanmar Time :

Thailand Time :

ကောင်စစ်ဆိုင်ရာ မြန်မာနိုင်ငံသားအကျိုး ဝန်ဆောင်မှုလုပ်ငန်းများ

embassy logo 01

ကောင်စစ်ဆိုင်ရာ မြန်မာနိုင်ငံသားအကျိုး ဝန်ဆောင်မှုလုပ်ငန်းများ

၁။ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့သည် ကောင်စစ်လုပ်ငန်းများအား အောက်ဖော်ပြပါ သတ်မှတ်နှုန်းထားများအတိုင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း တင်ပြအပ်ပါသည်-

စဉ် နိုင်ငံသားဝန်ဆောင်မှုလုပ်ငန်းများ နှုန်းထား
(က) နိုင်ငံကူးလက်မှတ် သက်တမ်းတိုးလျှောက်ထားခြင်း ထိုင်းဘတ် ၁၂၅၀
(ခ) နိုင်ငံကူးလက်မှတ် ပျောက်ဆုံး/ ပျက်စီးလျှောက်ထားခြင်း 
( ဒဏ်ကြေး + စာအုပ်အသစ်ကြေး) (၂၄၀၀+၁၂၅၀)
ထိုင်းဘတ် ၃၆၅၀
(ဂ) ထိုင်းနိုင်ငံတွင် မွေးဖွားသည့် ကလေးများအတွက် နိုင်ငံကူးလက်မှတ် လျှောက်ထားခြင်း ထိုင်းဘတ် ၁၂၅၀
(ဃ) မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်ထုတ်ပေးခြင်း
(မွေးကင်းစကလေး မြန်မာပြည်ပြန်ခေါ်ရန်/ အလည်အပတ် လာရောက်စဉ် နိုင်ငံကူးလက်မှတ်ပျောက်ဆုံးခြင်း)
ထိုင်းဘတ် ၄၀၀
(င) ထောက်ခံစာများ ထိုင်းဘတ် ၁၀၀

၂။ အထက်ဖော်ပြပါ ဝန်ဆောင်မှုလုပ်ငန်းများအတွက် အကြံပြုလွှာ များပေးပို့လိုပါက စာတိုက်ပုံး မှ တစ်ဆင့် လည်းကောင်း၊ ဤကောင်စစ်ဝန်ချုပ်ရုံး ၏အီးမေးလ် [email protected] သို့ လည်းကောင်း အထောက်အထားနှင့်တကွ ပေးပို့နိုင်ပါကြောင်း အသိပေးအပ်ပါသည်။

ရက်စွဲ၊ ၂၀၂၃ ခုနှစ်၊ မတ်လ ၁ ရက်
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊
ချင်းမိုင်မြို့။