Myanmar Time :

Thailand Time :

ပညာရေး

၂၀၂၀-၂၀၂၁ ပညာသင်နှစ် နိုင်ငံခြားရောက် မြန်မာနိုင်ငံသားကလေးများအတွက် အခြေခံပညာစာပေးစာယူသင်တန်းသားများ ခေါ်ယူခြင်း

education announcements 01

education announcements 02

education announcements 03

education announcements 04

education announcements 05

အစိုးရပညာတော်သင်

 

ပြည်ပတွင် ပညာသင်ကြားရန် ရောက်ရှိနေသော နိုင်ငံ့ဝန်ထမ်းများအား အသိပေးကြေညာချက်

 
ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ချင်းမိုင်ပြည်နယ်၊ လန်ဖွန်းပြည်နယ်၊ လန်ပန်း ပြည်နယ်၊ ဥတ္တရာဒစ်ပြည်နယ်၊ ဖရာအယ်ပြည်နယ်၊ နမ်ပြည်နယ်၊ ဖရာအိုပြည်နယ်၊ ချင်းရိုင်ပြည်နယ်နှင့် မယ်ဟောင်ဆောင်ပြည်နယ်များရှိ တက္ကသိုလ်များတွင် ပညာသင်ကြားရန်ရောက်ရှိနေသော နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပြည်ပတွင် နေထိုင်စဉ်ကာလအတွင်း အစစအရာရာ အဆင်ပြေချောမွေ့စေရန်နှင့် လိုအပ်သည့် အကူအညီအထောက်အပံ့များအား ကောင်စစ်ဝန်ချုပ်ရုံးမှ ဆောင်ရွက်ပေးနိုင်ရန်အတွက် ပညာသင်ရောက်ရှိကြောင်း သတင်းပို့ပုံစံတွင် ပြည့်စုံစွာဖြည့်စွက်၍လည်းကောင်း၊ ပညာသင်တိုးတက်မှု သုံးလပတ်အစီရင်ခံစာများအားလည်းကောင်း မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့၏ အောက်ဖော်ပြပါလိပ်စာသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖက်စ်ဖြင့်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၏ အီးမေးလ်ဖြစ် သည့် [email protected] တို့သို့ မပျက်မကွက် သတင်းပေးပို့ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည် -
 
 
 

9/4 Maneenopparatsoi 3, T. Sriphum, A. Mueang Chiang Mai, Chiang Mai 50200

Tel No. - (66) (52) 004211

Fax No. - (66) (52) 004216

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့
ရက်စွဲ၊ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်