Myanmar Time :

Thailand Time :

English Thai

(ပထမနေ့)
ထိုင်းနိုင်ငံ မြောက်ပိုင်းခရိုင်များတွင် အလုပ်လုပ်ကိုင်လျက်ရှိသော မြန်မာနိုင်ငံသားများ အနေဖြင့် ၂၈-၁၂-၂၀၂၅ ရက်(တနင်္ဂနွေနေ့)၌ ကျင်းပပြုလုပ်မည့် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၏ အထွေထွေရွေးကောက်ပွဲ၏ ကြိုတင်ဆန္ဒမဲပေးခြင်း (ပထမနေ့)ကို မြန်မာ ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့တွင် ၁-၁၂-၂၀၂၅ ရက် (တနင်္လာနေ့)၊ ၀၉၃၀ နာရီ အချိန်မှ ၁၆၃၀ နာရီအချိန်အထိ ကျင်းပပြုလုပ်ခဲ့ပါကြောင်းနှင့် မဲဆန္ဒရှင်ပြည်သူများ လာရောက်မဲပေးမှု အခြေအနေကို အများပြည်သူ သိရှိနိုင်စေရန် သတင်းဓာတ်ပုံများဖြင့် ထုတ်ပြန်ဖော်ပြအပ်ပါသည်။
ကြိုတင်မဲဆန္ဒပေးခြင်းအား ၁-၁၂-၂၀၂၅ ရက်မှ ၄-၁၂-၂၀၂၅ ရက်အထိ (၄)ရက်တိုင် မြန်မာ ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါကြောင်းကိုလည်း အသိပေး ဖော်ပြအပ်ပါသည်။

မြန်မာကောင်စစ်ဝန်ချုပ်ရုံး
ချင်းမိုင်မြို့
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်

20251229 08

20251229 08

20251229 08

20251229 08

20251229 08

20251229 08

20251229 08

20251229 08

20251229 08

 
Consulate - General of the Republic of the Union of Myanmar
Chiang Mai, Kingdom of Thailand