Myanmar Time :

Thailand Time :

English Thai

မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းကုန်ဆုံး (သို့မဟုတ်) စာမျက်နှာကုန်သဖြင့် နိုင်ငံကူး လက်မှတ် အသစ် လျှောက်ထားရန် လိုအပ်ချက်များ

၁။ ကိုယ်ရေးလျှောက်လွှာ (အပေါ်စာ) ( ၁ ) စောင်

၂။ ( ၄၅ ) ချက်ပါ ကိုယ်ရေးမှတ်တမ်းပုံစံ ( ၈ )မျက်နှာ ( ၁ ) စောင်
(ပြည်စုံစွာ ဖြည့်စွက်ပါရန်၊ ဓါတ်ပုံများကပ်ပါရန်)

၃။ (၆)လအတွင်း ရိုက်ထားသော ပတ်စ်ပို့ဓာတ်ပုံအပို ( ၂ )ပုံ၊ နိုင်ငံသားစိစစ်ရေးကတ်(မိတ္တူ)နှင့် သန်းခေါင်စာရင်း(အိမ်ထောင်စုစာရင်း)မိတ္တူ
(ဓာတ်ပုံအား သတ်မှတ်ချက်အတိုင်း ရိုက်ကူးပါရန်)

၄။ သာမန်မြန်မာနိုင်ငံကူးလက်မှတ် (သို့မဟုတ်) ယာယီမြန်မာနိုင်ငံကူးလက်မှတ်၏ ဓာတ်ပုံ၊ နိုင်ငံကူးလက်မှတ်အမှတ်နှင့် အခြားအချက်အလက်များ ပါဝင်သည့် စာမျက်နှာ၊ မြန်မာနိုင်ငံကူး လက်မှတ်မူရင်းနှင့် ဗီဇာစာမျက်နှာအားလုံးမိတ္တူ (သို့မဟုတ်) နေထိုင်ခွင့်စာမျက်နှာမိတ္တူ

၅။ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ခွင့်(အလုပ်သမားကတ်)မိတ္တူ၊ ထိုင်းအလုပ်ရှင်၏ နိုင်ငံသား ကတ်မိတ္တူနှင့် သန်းခေါင်စာရင်းမိတ္တူ (သို့မဟုတ်) တရားဝင်နေထိုင်ခွင့် အထောက်အထား

၇။ ဉာဏလုပ်သားများအနေဖြင့် ၎င်းတို့ လုပ်ကိုင်နေသည့် ကုမ္ပဏီ/အဖွဲ့အစည်းနှင့် လုပ်ငန်း လုပ်ကိုင်ရန် ချုပ်ဆိုထားသော စာချုပ်၊ ကုမ္ပဏီ/အဖွဲ့အစည်း၏ ထိုင်းနိုင်ငံအစိုးရထံတွင် လုပ်ငန်းမှတ်ပုံတင်ထားသည့် စာရွက်စာတမ်း

၈။ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ၏ ရှေ့ပိုင်းကတည်းက ထိုင်းနိုင်ငံသို့ ရောက်ရှိနေသူဖြစ်ပါက ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလအထိ ဝင်ငွေခွန်ထမ်းဆောင်ပြီးကြောင်း ထောက်ခံစာ
(မဆောင်ရသေးပါက ဝင်ငွေခွန်ထမ်းဆောင်ပါရန်)

၉။ ကာယကံရှင်ကိုယ်တိုင် လာရောက်ဆောင်ရွက်နိုင်ခြင်း မရှိပါက ကိုယ်စားဆောင်ရွက်ခွင့် ပြုပါရန် ကိုယ်စားလှယ်လွှဲစာနှင့် ကိုယ်စားဆောင်ရွက်သူ၏ မှတ်ပုံတင် (သို့မဟုတ်) နိုင်ငံကူး လက်မှတ်မိတ္တူ

မှတ်ချက်။ ။
(၁) လက်ရှိနိုင်ငံကူးလက်မှတ်တွင် သက်တမ်း (၁)နှစ်ထက် ပိုမိုကျန်ရှိနေသော နိုင်ငံကူးလက်မှတ် နှင့် (၆)လအထက် သက်တမ်းပြတ်နေသော နိုင်ငံကူးလက်မှတ်များအတွက် မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးအဖွဲ့သို့ တင်ပြ၍ ခွင့်ပြုချက်ရရှိမှသာ ထုတ်ပေးပါမည်။

(၂) နိုင်ငံကူးလက်မှတ်အသစ် ထုတ်ပေးရာတွင် နိုင်ငံကူးလက်မှတ်အဟောင်းအား Cancel တံဆိပ်တုံးရိုက်နှိပ်ကာ အဖုံးအား အနည်းငယ်ဖြတ်တောက်၍ ကာယကံရှင်သို့ ပြန်ပေးပါမည်။ နိုင်ငံကူးလက်မှတ်အသစ်တွင် နိုင်ငံကူးလက်မှတ်အဟောင်း၏ နံပါတ်၊ ထုတ်ပေးရက်စွဲ၊ နေရာ တို့အား ဖော်ပြ၍ အစားထုတ်ပေးကြောင်း တံဆိပ်တုံးရိုက်နှိပ်ပေးပါမည်။

(၃) စာရွက်စာတမ်းများကို ရောင်စုံ (color) ဖြင့် မိတ္တုတင်ပြသွားရန် ဖြစ်ပါသည်။


မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းကုန်ဆုံး (သို့မဟုတ်) စာမျက်နှာကုန် သဖြင့် နိုင်ငံကူးလက်မှတ်အသစ် လျှောက်ထားရန် လိုအပ်ချက်များ

၁။ ကိုယ်ရေးလျှောက်လွှာ (အပေါ်စာ) ( ၁ ) စောင်

၂။ ( ၄၅ ) ချက်ပါ ကိုယ်ရေးမှတ်တမ်းပုံစံ ( ၈ )မျက်နှာ ( ၁ ) စောင်
( ပြည်စုံစွာ ဖြည့်စွက်ပါရန်၊ ဓါတ်ပုံများကပ်ပါရန် )

၃။ ဓါတ်ပုံအပို ( ၂ ) ပုံ ( သတ်မှတ်ချက်အတိုင်းရိုက်ကူးပါရန် )

၄။ သာမန်မြန်မာနိုင်ငံကူးလက်မှတ် မူရင်း
( နိုင်ငံကူးလက်မှတ်အသစ်ထုတ်ပေးရာတွင် နိုင်ငံကူးလက်မှတ်အဟောင်းအား Cancle တံဆိပ်တုံးရိုက်နှိပ်ကာ အဖုံးအား အနည်းငယ်ဖြတ်တောက်၍ ကာယကံရှင်သို့ ပြန်ပေးပါမည်။ နိုင်ငံကူးလက်မှတ်အသစ်တွင် နိုင်ငံကူးလက်မှတ်အဟောင်း၏ နံပါတ်၊ ထုတ်ပေးရက်စွဲ၊ နေရာတို့အား ဖော်ပြ၍ အစားထုတ်ပေးကြောင်း တံဆိပ်တုံးရိုက်နှိပ် ပေးပါမည်။ )

၅။ သာမန်မြန်မာနိုင်ငံကူးလက်မှတ်မိတ္တူ ( ၁) စုံ
( စာမျက်နှာအလွတ်များမှလွဲ၍ အားလုံးမိတ္တူ ကူးပါ )

၆။ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ခွင့် ( Work Permit ) သို့မဟုတ် တရားဝင်နေထိုင်ခွင့် အထောက်အထား

၇။ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ၏ ရှေ့ပိုင်းကတည်းက ထိုင်းနိုင်ငံသို့ ရောက်ရှိနေသူဖြစ်ပါက ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလအထိ ဝင်ငွေခွန်ထမ်းဆောင်ပြီးကြောင်း ထောက်ခံစာ ( မဆောင်ရသေးပါက ဝင်ငွေခွန်ထမ်းဆောင်ပါရန် )

၈။ ကာယကံရှင်ကိုယ်တိုင်လာရောက်ဆောင်ရွက်နိုင်ခြင်းမရှိပါက ကိုယ်စားဆောင်ရွက်ခွင့် ပြုပါရန် ကိုယ်စားလှယ်လွှဲစာနှင့် ကိုယ်စားဆောင်ရွက်သူ၏ မှတ်ပုံတင် ( သို့ ) နိုင်ငံကူးလက်မှတ် မိတ္တူ

မှတ်ချက်။ ။ လက်ရှိနိုင်ငံကူးလက်မှတ်တွင် သက်တမ်း ( ၁ ) နှစ်ထက် ပိုမိုကျန်ရှိနေသော နိုင်ငံကူး လက်မှတ်နှင့် (၆)လအထက် သက်တမ်းပြတ်နေသော နိုင်ငံကူး လက်မှတ်များအတွက် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့သို့ တင်ပြ၍ ခွင့်ပြုချက်ရရှိမှသာ ထုတ်ပေးပါမည်။

 

Passport Renwal Form Personal Letter For Passport Renewal

 
Consulate - General of the Republic of the Union of Myanmar
Chiang Mai, Kingdom of Thailand