ချင်းမိုင်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၏ ကောင်စစ်ရေးရာဌာန၊ နိုင်ငံသားဌာန၏ လုပ်ငန်းတာဝန်များ
ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ချင်းမိုင်ပြည်နယ်၊ လန်ဖွန်းပြည်နယ်၊ လန်ပန်းပြည်နယ်၊ ဥတ္တရာဒစ်ပြည်နယ်၊ ဖရာအယ်ပြည်နယ်၊ နမ်ပြည်နယ်၊ ဖရာအိုပြည်နယ်၊ ချင်းရိုင်ပြည်နယ်နှင့် မယ်ဟောင်ဆောင်ပြည်နယ်များသို့ အစိုးရခွင့်ပြုချက်ဖြင့် ရောက်ရှိ နေထိုင် အလုပ်လုပ်ကိုင်လျက် ရှိသည့် သာမန်မြန်မာနိုင်ငံကူးလက်မှတ် / ယာယီနိုင်ငံကူးလက်မှတ်/ သက်သေခံကဒ်ပြားများ ကိုင်ဆောင်သူများအတွက် အောက်ဖော်ပြပါ ထောက်ခံစာ (၁၂) မျိုးအား သတ်မှတ်နှုန်းထား ဘတ် ၁၀၀/- ဖြင့် နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိပါသည်-
ထိုင်းနိုင်ငံချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ အောက်ဖော်ပြပါ နိုင်ငံသားအကျိုး ဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်ပေးလျက်ရှိပါသည်-
Application Form for Documentation and Legalization
(၁) နေရပ်လိပ်စာမှန်ကန်ကြောင်းထောက်ခံစာ
ထိုင်းနိုင်ငံတွင် ယာဉ်မောင်းလိုင်စင် ပြုလုပ်ရန်နှင့် လိုင်စင်သက်တမ်းတိုးရန်အတွက် နေရပ်လိပ်စာ မှန်ကန်ကြောင်း ထောက်ခံစာကို ထုတ်ပေးခြင်းဖြစ်ပါသည်။
လိုအပ်ချက်(က) မြန်မာကောင်စစ်ဝန်ချုပ်ရုံး၏ ကောင်စစ်နယ်မြေဖြစ်သော ထိုင်းနိုင်ငံမြောက်ပိုင်း (၉)ခရိုင် အတွင်း နေထိုင်သူဖြစ်ရမည်။
(ခ) (၆)လအတွင်း ရိုက်ထားသော ပတ်စ်ပို့ဓာတ်ပုံ( ၂ )ပုံ၊ နိုင်ငံသားစိစစ်ရေးကတ်(မိတ္တူ)နှင့် သန်းခေါင်စာရင်း(အိမ်ထောင်စုစာရင်း)မိတ္တူတို့ တင်ပြရပါမည်။
(ဓာတ်ပုံအား သတ်မှတ်ချက်အတိုင်း ရိုက်ကူးပါရန်)
(ဂ) သာမန်မြန်မာနိုင်ငံကူးလက်မှတ် (သို့မဟုတ်) ယာယီမြန်မာနိုင်ငံကူးလက်မှတ်၏ ဓာတ်ပုံ၊ နိုင်ငံကူးလက်မှတ်အမှတ်နှင့် အခြားအချက်အလက်များ ပါဝင်သည့် စာမျက်နှာနှင့် ဗီဇာစာမျက်နှာအားလုံးမိတ္တူတို့ တင်ပြရပါမည်။
(ဃ) မိမိ နေထိုင်သည့် နေရပ်လိပ်စာ ပါဝင်သည့် အိမ်ငှားစာချုပ်မိတ္တူ (သို့မဟုတ်) အလုပ်ရှင်နှင့် နေထိုင်သူဖြစ်ပါက အလုပ်ရှင်၏ ထောက်ခံစာ (သို့မဟုတ်) မိမိအမှန် တကယ်နေထိုင်ကြောင်း ဖော်ပြနိုင်သည့် အထောက်အထားစာရွက်စာတမ်းမိတ္တူတို့ တင်ပြရပါမည်။
(င) လျှောက်ထားသူသည် ထိုင်းနိုင်ငံတွင် လာရောက်အလုပ်လုပ်ကိုင်သူဖြစ်ပါက နိုင်ငံကူး လက်မှတ်မိတ္တူ (သို့မဟုတ်) နိုင်ငံကူးလက်မှတ်အမှတ်နှင့် ထုတ်ပေးရက်စွဲတို့ ပါဝင် သည့် အလုပ်လုပ်ကိုင်ခွင့်(အလုပ်သမားကတ်)မိတ္တူနှင့် ထိုင်းအလုပ်ရှင်၏ နိုင်ငံသား ကတ်မိတ္တူနှင့် သန်းခေါင်စာရင်းမိတ္တူတို့ တင်ပြရပါမည်။
(စ) လျှောက်ထားသူသည် ထိုင်းနိုင်ငံတွင် ပညာသင်ယူလျက်ရှိပါက ကျောင်းထောက်ခံစာ နှင့် ကျောင်းသားကတ်မိတ္တူတို့ တင်ပြရပါမည်။
(ဆ) လျှောက်ထားသူသည် ထိုင်းနိုင်ငံသားနှင့် လက်ထပ်၍ ထိုင်းနိုင်ငံတွင် ထိုင်းအမျိုးသား/ အမျိုးသမီးအား မှီခိုနေထိုင်သူဖြစ်ပါက ထိုင်းအမျိုးသား/အမျိုးသမီး၏ ထိုင်းနိုင်ငံသားကတ် မိတ္တူနှင့် ထိုင်းသန်းခေါင်စာရင်းမိတ္တူ၊ မြန်မာလက်ထပ်စာချုပ်မူရင်း၊ မိတ္တူ (သို့မဟုတ်) ထိုင်းလက်ထပ်စာချုပ်တို့ တင်ပြရပါမည်။
(၂) တစ်ဦးတည်းဖြစ်ကြောင်း ထောက်ခံစာယူရန်
ယခင်ကိုင်ဆောင်ထားသော ယာယီနိုင်ငံကူးလက်မှတ်၊ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ် (C I) ကိုင်ဆောင်ထားသူများအနေဖြင့် သာမန်မြန်မာနိုင်ငံကူးလက်မှတ်(PJ) လျှောက်ထား ပြီးသည့်အခါတွင် ဗီဇာ/ နေထိုင်ခွင့် ကူးပြောင်းနိုင်ရေးအပါအဝင် အခြားကိစ္စရပ်များအတွက် တစ်ဦးတည်း ဖြစ်ကြောင်း ထောက်ခံစာထုတ်ပေးခြင်းဖြစ်ပါသည်။
လိုအပ်ချက်(က) မြန်မာကောင်စစ်ဝန်ချုပ်ရုံး၏ ကောင်စစ်နယ်မြေဖြစ်သော ထိုင်းနိုင်ငံမြောက်ပိုင်း (၉)ခရိုင် အတွင်း နေထိုင်သူဖြစ်ရမည်။
(ခ) (၆)လအတွင်း ရိုက်ထားသော ပတ်စ်ပို့ဓာတ်ပုံ(၂)ပုံ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား (မူရင်း/ မိတ္တူ)၊ သန်းခေါင်စာရင်း(မိတ္တူ)၊ တင်ပြရပါမည်။
(ဂ) ယခင်ကိုင်ဆောင်ထားသော ယာယီမြန်မာနိုင်ငံကူးလက်မှတ် (သို့) မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) (သို့) သာမန်မြန်မာနိုင်ငံကူးလက်မှတ် ၏ ကိုယ်ရေးအချက် အလက်ပါ စာမျက်နှာ (မူရင်း/မိတ္တူ) နှင့် ဗီဇာစာမျက်နှာအားလုံး(မိတ္တူ)တို့ တင်ပြရပါမည်။
(ဃ) လျှောက်ထားသူသည် ထိုင်းနိုင်ငံတွင် လာရောက်အလုပ်လုပ်ကိုင်သူဖြစ်ပါက နိုင်ငံကူး လက်မှတ်မိတ္တူ (သို့မဟုတ်) နိုင်ငံကူးလက်မှတ်အမှတ်နှင့် ထုတ်ပေးရက်စွဲတို့ ပါဝင်သည့် အလုပ်သမားကတ်မိတ္တူနှင့် ထိုင်းအလုပ်ရှင်၏ နိုင်ငံသားကတ်မိတ္တူနှင့် သန်းခေါင်စာရင်း မိတ္တူတို့ တင်ပြရပါမည်။
(င) လျှောက်ထားသူသည် ထိုင်းနိုင်ငံတွင် ပညာသင်ယူလျက်ရှိပါက လက်ရှိ တက်ရောက်လျက်ရှိ သည့် ကျောင်းထောက်ခံစာနှင့် ကျောင်းသားကတ်မိတ္တူတို့ တင်ပြရပါမည်။
(စ) လျှောက်ထားသူသည် ထိုင်းနိုင်ငံသားနှင့် လက်ထပ်၍ ထိုင်းနိုင်ငံတွင် ထိုင်းအမျိုးသား/ အမျိုးသမီးအား မှီခိုနေထိုင်သူ ဖြစ်ပါက ထိုင်းအမျိုးသား/အမျိုးသမီး၏ ထိုင်းနိုင်ငံသားကတ် မိတ္တူနှင့် ထိုင်းသန်းခေါင်စာရင်းမိတ္တူ၊ မြန်မာလက်ထပ်စာချုပ်မူရင်း၊ မိတ္တူ (သို့မဟုတ်) ထိုင်းလက်ထပ်စာချုပ်တို့ တင်ပြရပါမည်။
မှတ်ချက်။ အမည်ကွဲလွဲမှုရှိပါက သန်းခေါင်းစာရင်း၊ အလုပ်သမားကတ်တို့တွင် ဖော်ပြထားသော ဖခင်အမည် ယခင်ဗီဇာ/နေထိုင်ခွင့် ကူးယူထားသည့် အချက်အလက်များအပေါ် တိုက်ဆိုင်စစ်ဆေး၍ တူညီမှုရှိမှသာ ထုတ်ပေးပါမည်။
(၃) မြန်မာနိုင်ငံယာယီ/သာမန်နိုင်ငံကူးလက်မှတ်ပျောက်ဆုံးသည်မှာ မှန်ကန်ကြောင်း ထောက်ခံစာ
မြန်မာပြောင်းရွှေ့အလုပ်သမားများအတွက် ထုတ်ပေးထားသည့် ယာယီ/ သာမန်နိုင်ငံကူး လက်မှတ်များ ပျောက်ဆုံးသည့်အခါတွင် မှန်ကန်ကြောင်း ထုတ်ပေးသည့် ထောက်ခံစာဖြစ်ပါသည်။
လိုအပ်ချက်(က) ရဲစခန်းတွင် နိုင်ငံကူးလက်မှတ်ပျောက်ဆုံးသည်မှာ မှန်ကန်ကြောင်း တိုင်ကြားရမည်။
(ခ) ရဲစခန်းမှ ထိုင်းဘာသာဖြင့် ထုတ်ပေးသည့် တိုင်ကြားစာအား အင်္ဂလိပ်ဘာသာ ပြန်ဆိုထား သည့်စာအား မူရင်းတိုင်ကြားစာနှင့်အတူ ပူးတွဲတင်ပြရမည်။
(ဂ) (၆)လအတွင်း ရိုက်ထားသော ပတ်စ်ပို့ဓာတ်ပုံ(၂)ပုံ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား(မူရင်း/ မိတ္တူ)၊ သန်းခေါင်စာရင်း(မိတ္တူ)တို့ တင်ပြရပါမည်။
(ဃ) သာမန်မြန်မာနိုင်ငံကူးလက်မှတ် (သို့မဟုတ်) ယာယီမြန်မာနိုင်ငံကူးလက်မှတ် ၏ ကိုယ်ရေးအချက်အလက်ပါ စာမျက်နှာ မိတ္တူနှင့် ဗီဇာစာမျက်နှာအားလုံးမိတ္တူ (သို့မဟုတ်) နေထိုင်ခွင့်လက်မှတ်မိတ္တူတို့ တင်ပြရပါမည်။
(င) လျှောက်ထားသူသည် ထိုင်းနိုင်ငံတွင် လာရောက်အလုပ်လုပ်ကိုင်သူဖြစ်ပါက နိုင်ငံကူး လက်မှတ်မိတ္တူ (သို့မဟုတ်) နိုင်ငံကူးလက်မှတ်အမှတ်နှင့် ထုတ်ပေးရက်စွဲတို့ ပါဝင်သည့် အလုပ်သမားကတ်မိတ္တူနှင့် ထိုင်းအလုပ်ရှင်၏ နိုင်ငံသားကတ်မိတ္တူနှင့် သန်းခေါင်စာရင်း မိတ္တူတို့ တင်ပြရပါမည်။
(စ) လျှောက်ထားသူသည် ထိုင်းနိုင်ငံတွင် ပညာသင်ယူလျက်ရှိပါက လက်ရှိ တက်ရောက်လျက်ရှိ သည့် ကျောင်းထောက်ခံစာနှင့် ကျောင်းသားကတ်မိတ္တူတို့ တင်ပြရပါမည်။
(ဆ) လျှောက်ထားသူသည် ထိုင်းနိုင်ငံသားနှင့် လက်ထပ်၍ ထိုင်းနိုင်ငံတွင် ထိုင်းအမျိုးသား/ အမျိုးသမီးအား မှီခိုနေထိုင်သူ ဖြစ်ပါက ထိုင်းအမျိုးသား/အမျိုးသမီး၏ ထိုင်းနိုင်ငံသားကတ် မိတ္တူနှင့် ထိုင်းသန်းခေါင်စာရင်းမိတ္တူ၊ မြန်မာလက်ထပ်စာချုပ်မူရင်း၊ မိတ္တူ (သို့မဟုတ်) ထိုင်းလက်ထပ်စာချုပ်တို့ တင်ပြရပါမည်။
(၄) ဘဏ်စာရင်းဖွင့်ရန်အတွက် ထောက်ခံစာ(ပတ်စ်ပို့မှန်ကန်ကြောင်း)
မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံရှိ ဘဏ်များတွင် ဘဏ်စာရင်း ဖွင့်လှစ်နိုင်ရန်အတွက် ထုတ်ပေးသည့် ထောက်ခံစာဖြစ်ပါသည်။
လိုအပ်ချက်(က) (၆)လအတွင်း ရိုက်ထားသော ပတ်စ်ပို့ဓာတ်ပုံ(၂)ပုံ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား (မူရင်း/ မိတ္တူ)နှင့် သန်းခေါင်းစာရင်း (မိတ္တူ)တို့ တင်ပြရပါမည်။
(ခ) သာမန်မြန်မာနိုင်ငံကူးလက်မှတ် (သို့မဟုတ်) ယာယီမြန်မာနိုင်ငံကူးလက်မှတ် ၏ ကိုယ်ရေးအချက်အလက်ပါ စာမျက်နှာ မိတ္တူနှင့် ဗီဇာစာမျက်နှာအားလုံးမိတ္တူ (သို့မဟုတ်) နေထိုင်ခွင့်လက်မှတ်မိတ္တူတို့ တင်ပြရ ပါမည်။
(ဂ) လျှောက်ထားသူသည် ထိုင်းနိုင်ငံတွင် လာရောက်အလုပ်လုပ်ကိုင်သူဖြစ်ပါက နိုင်ငံကူး လက်မှတ်မိတ္တူ (သို့မဟုတ်) နိုင်ငံကူးလက်မှတ်အမှတ်နှင့် ထုတ်ပေးရက်စွဲတို့ ပါဝင်သည့် အလုပ်သမားကတ်မိတ္တူနှင့် ထိုင်းအလုပ်ရှင်၏ နိုင်ငံသားကတ်မိတ္တူနှင့် သန်းခေါင်စာရင်း မိတ္တူတို့ တင်ပြရပါမည်။
(ဃ) လျှောက်ထားသူသည် ထိုင်းနိုင်ငံတွင် ပညာသင်ယူလျက်ရှိပါက လက်ရှိ တက်ရောက်လျက်ရှိ သည့် ကျောင်းထောက်ခံစာနှင့် ကျောင်းသားကတ်မိတ္တူတို့ တင်ပြရပါမည်။
(င) လျှောက်ထားသူသည် ထိုင်းနိုင်ငံသားနှင့် လက်ထပ်၍ ထိုင်းနိုင်ငံတွင် ထိုင်းအမျိုးသား/ အမျိုးသမီးအား မှီခိုနေထိုင်သူ ဖြစ်ပါက ထိုင်းအမျိုးသား/အမျိုးသမီး၏ ထိုင်းနိုင်ငံသားကတ် မိတ္တူနှင့် ထိုင်းသန်းခေါင်စာရင်းမိတ္တူ၊ မြန်မာလက်ထပ်စာချုပ်မူရင်း၊ မိတ္တူ (သို့မဟုတ်) ထိုင်းလက်ထပ်စာချုပ်တို့ တင်ပြရပါမည်။
(၅) ကလေးမွေးစာရင်း(သို့မဟုတ်)သားသမီးဖြစ်ကြောင်းထောက်ခံစာ
မြန်မာနိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသော ကလေးများအား ထောက်ခံပေးသော ထောက်ခံစာဖြစ်ပါသည်။
လိုအပ်ချက်(က) မြန်မာနိုင်ငံသား မိဘနှစ်ပါး၏ နိုင်ငံကူးလက်မှတ်(မူရင်း/မိတ္တူ)၊ နိုင်ငံသားစိစစ်ရေးကတ် (မူရင်း/မိတ္တူ)နှင့် သန်းခေါင်စာရင်း (မူရင်း/မိတ္တူ)၊
(ခ) မိဘနှစ်ပါး၏ သာမန်မြန်မာနိုင်ငံကူးလက်မှတ် (သို့မဟုတ်) ယာယီမြန်မာနိုင်ငံကူးလက်မှတ် ၏ ကိုယ်ရေးအချက်အလက်ပါ စာမျက်နှာ မိတ္တူနှင့် ဗီဇာစာမျက်နှာအားလုံးမိတ္တူ (သို့မဟုတ်) နေထိုင်ခွင့်လက်မှတ်မိတ္တူ၊
(ဂ) မြန်မာနိုင်ငံတွင် မွေးဖွားခဲ့လျှင် မြန်မာနိုင်ငံမှ မွေးစာရင်း(မူရင်း/မိတ္တူ)၊
(ဃ) ထိုင်းနိုင်ငံတွင် မွေးဖွားလျှင် ထိုင်းဘာသာဖြင့် ရေးသားထားသော မွေးစာရင်းအား အင်္ဂလိပ် ဘာသာဖြင့် ပြန်ဆိုထားသည့်စာနှင့် မွေးစာရင်း(မူရင်း/မိတ္တူ)၊
(င) လျှောက်ထားသူသည် ထိုင်းနိုင်ငံတွင် လာရောက်အလုပ်လုပ်ကိုင်သူဖြစ်ပါက နိုင်ငံကူး လက်မှတ်မိတ္တူ (သို့မဟုတ်) နိုင်ငံကူးလက်မှတ်အမှတ်နှင့် ထုတ်ပေးရက်စွဲတို့ ပါဝင်သည့် အလုပ်သမားကတ်မိတ္တူနှင့် ထိုင်းအလုပ်ရှင်၏ နိုင်ငံသားကတ်မိတ္တူနှင့် သန်းခေါင်စာရင်း မိတ္တူ၊
(စ) မိဘနှစ်ပါးမှ တစ်ဦးဦးသည် ထိုင်းနိုင်ငံသားဖြစ်ပါက ထိုင်းနိုင်ငံသားကတ်မိတ္တူနှင့် ထိုင်း သန်းခေါင်စာရင်းမိတ္တူ၊ မြန်မာလက်ထပ်စာချုပ်မူရင်း၊ မိတ္တူ (သို့မဟုတ်) ထိုင်းလက်ထပ် စာချုပ်အား အင်္ဂလိပ်ဘာသာဖြင့် နိုတြီပြန်ထားသည့်စာမူရင်း၊ မိတ္တူ၊
မှတ်ချက်။ မွေးစာရင်းမှ မိဘအမည်နှင့် နိုင်ငံကူးလက်မှတ်များမှ မိဘအမည် တူညီရမည်။
(၆) မှီခိုသူဖြစ်ကြောင်းထောက်ခံစာ
ထိုင်းနိုင်ငံတွင် အခွန်ပေးဆောင်ကာ အလုပ်လုပ်ကိုင်နေထိုင်လျက်ရှိသော မြန်မာနိုင်ငံသား ၏ မိသားစုဝင် မှီခိုသူဖြစ်သည်မှာ မှန်ကန်ကြောင်း ထုတ်ပေးသည့် ထောက်ခံစာ ဖြစ်သည်။
လိုအပ်ချက်
(က) ၆ လအတွင်း ရိုက်ထားသော ပတ်စ်ပို့ဓာတ်ပုံ ၂ ပုံ။
(ခ) သာမန်မြန်မာနိုင်ငံကူးလက်မှတ် (သို့မဟုတ်) ယာယီမြန်မာနိုင်ငံကူးလက်မှတ်၏ ဓာတ်ပုံ၊ နိုင်ငံကူးလက်မှတ်အမှတ်နှင့် အခြားအချက်အလက်များပါဝင်သည့်စာမျက်နှာ၊ မြန်မာနိုင်ငံကူး လက်မှတ်မူရင်းနှင့် ဗီဇာစာမျက်နှာအားလုံးမိတ္တူ (သို့မဟုတ်) နေထိုင်ခွင့်စာမျက်နှာမိတ္တူ။
(ဂ) နိုင်ငံသားစိစစ်ရေးကတ်ပြား(မိတ္တူ)နှင့် အခွန်ပေးဆောင်သူနှင့် တော်စပ်ကြောင်းဖော်ပြနိုင် သည့် သန်းခေါင်စာရင်း(အိမ်ထောင်စုစာရင်း)မိတ္တူ (သို့မဟုတ်) လက်ထပ်စာချုပ်(မိတ္တူ)။
(ဃ) ထိုင်းနိုင်ငံတွင် အခွန်ပေးဆောင်ကာ အလုပ်လုပ်နေသည့် မိသားစုဝင်၏ ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်ခွင့်(Work Permit)မိတ္တူ၊ ထိုင်းအလုပ်ရှင်၏ နိုင်ငံသားကတ်ပြားမိတ္တူနှင့် သန်းခေါင်စာရင်းမိတ္တူ (သို့မဟုတ်) တရားဝင်နေထိုင်ခွင့်အထောက်အထား။
(င) ဉာဏလုပ်သားများသည် မိမိတို့ လုပ်ကိုင်နေသည့် ကုမ္ပဏီ/အဖွဲ့အစည်းနှင့် လုပ်ငန်း လုပ်ကိုင်ရန် ချုပ်ဆိုထားသော စာချုပ်၊ ထိုင်းနိုင်ငံအစိုးရထံတွင် ကုမ္ပဏီ/အဖွဲ့အစည်း၏ လုပ်ငန်းမှတ်ပုံတင်ထားသည့် စာရွက်စာတမ်း။
(စ) ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ၏ ရှေ့ပိုင်းကတည်းက ထိုင်းနိုင်ငံသို့ ရောက်ရှိနေသူဖြစ်ပါက ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလအထိ ဝင်ငွေခွန်ထမ်းဆောင်ပြီးကြောင်း ထောက်ခံစာ။
(ဝင်ငွေခွန်ထမ်းဆောင်ခြင်းမပြုရသေးပါက ဝင်ငွေခွန်ထမ်းဆောင်ပါရန်။)
(ဆ) ကာယကံရှင်ကိုယ်တိုင် လာရောက်ဆောင်ရွက်နိုင်ခြင်းမရှိပါက ကိုယ်စားဆောင်ရွက်ခွင့်ပြု ပါရန် ကိုယ်စားလှယ်လွှဲစာနှင့် ကိုယ်စားဆောင်ရွက်သူ၏ မှတ်ပုံတင် (သို့မဟုတ်) နိုင်ငံကူး လက်မှတ်မိတ္တူ
(ဇ) TM 30
မှတ်ချက်
စာရွက်စာတမ်းများကို ရောင်စုံ (color) ဖြင့် မိတ္တူတင်ပြသွားရန် ဖြစ်ပါသည်။
(၇) ကျောင်းသားဖြစ်ကြောင်းထောက်ခံစာ
သာမန်/ အထူးမြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသော မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံရှိ တက္ကသိုလ်အသီးသီးတွင် တက်ရောက်လျက်ရှိသည်မှာ မှန်ကန်ကြောင်း ထောက်ခံစာ ကို ထုတ်ပေးခြင်းဖြစ်ပါသည်။
လိုအပ်ချက်
(က) မြန်မာကောင်စစ်ဝန်ချုပ်ရုံး၏ ကောင်စစ်နယ်မြေဖြစ်သော ထိုင်းနိုင်ငံမြောက်ပိုင်းခရိုင် ၉ ခု အတွင်း နေထိုင်သူဖြစ်ရမည်။
(ခ) ၆ လအတွင်း ရိုက်ထားသော ပတ်စ်ပို့ဓာတ်ပုံ ၂ ပုံ၊ နိုင်ငံသားစိစစ်ရေးကတ်(မိတ္တူ)နှင့် သန်းခေါင်စာရင်း(အိမ်ထောင်စုစာရင်း)မိတ္တူတို့ တင်ပြရမည်။
(ဓာတ်ပုံအား သတ်မှတ်ချက်အတိုင်း ရိုက်ကူးပါရန်။)
(ဂ) သာမန်မြန်မာနိုင်ငံကူးလက်မှတ် (သို့မဟုတ်) ယာယီမြန်မာနိုင်ငံကူးလက်မှတ်၏ ဓာတ်ပုံ၊ နိုင်ငံကူးလက်မှတ်အမှတ်နှင့် အခြားအချက်အလက်များ ပါဝင်သည့် စာမျက်နှာနှင့် ဗီဇာစာ မျက်နှာအားလုံးမိတ္တူတို့ တင်ပြရမည်။
(ဃ) လျှောက်ထားသူသည် ထိုင်းနိုင်ငံတွင် ပညာသင်ယူလျက်ကြောင်း ကျောင်းထောက်ခံစာ၊ ကျောင်းသားကတ်ပြားမိတ္တူနှင့် TM 30 တို့ တင်ပြရမည်။
မှတ်ချက်
စာရွက်စာတမ်းများကို ရောင်စုံ (color) ဖြင့် မိတ္တူတင်ပြသွားရန် ဖြစ်သည်။
(၈) ဗီဇာသက်တမ်းတိုးရန်ထောက်ခံစာ
ထိုင်းနိုင်ငံရှိ ဆေးရုံများ၌တက်ရောက်ကုသလျက်ရှိပြီး ဗီဇာသက်တမ်းရက်ပြည့်သော်လည်း ဆက်လက်ကုသရန်နှင့် လူနာစောင့်ရှောက်ရန် လိုအပ်ခြင်းရှိသည့်အခါ (သို့မဟုတ်) ထိုင်းနိုင်ငံသို့ အလည်အပတ်ရောက်ရှိလာပြီး အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့ အချိန်မီပြန်လည်သွား ရောက်နိုင်ခြင်းမရှိသည့်အခါ သက်ဆိုင်ရာဌာနသို့ လိပ်မူ၍ ထုတ်ပေးသည့်ထောက်ခံစာ ဖြစ်သည်။
လိုအပ်ချက်
(က) မြန်မာကောင်စစ်ဝန်ချုပ်ရုံး၏ကောင်စစ်နယ်မြေဖြစ်သော ထိုင်းနိုင်ငံမြောက်ပိုင်းခရိုင် ၉ ခုအတွင်း ဆေးကုသမှုခံယူသူ/ ခေတ္တလာရောက်လည်ပတ်သူ/ နေထိုင်သူဖြစ်ရမည်။
(ခ) ၆ လအတွင်း ရိုက်ထားသော ပတ်စ်ပို့ဓာတ်ပုံ ၂ ပုံ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား (မူရင်း/ မိတ္တူ)၊ သန်းခေါင်စာရင်း(မိတ္တူ) တင်ပြရမည်။
(ဂ) လျှောက်ထားသူ၏ သာမန်မြန်မာနိုင်ငံကူးလက်မှတ်၏ ကိုယ်ရေးအချက်အလက်ပါ စာမျက်နှာ (မူရင်း/မိတ္တူ) နှင့် ဗီဇာစာမျက်နှာအားလုံး(မိတ္တူ)တို့ တင်ပြရမည်။
(ဃ) သက်ဆိုင်ရာ ဆေးရုံမှ မြန်မာသံရုံးသို့ လိပ်မူထားသည့် ထောက်ခံစာ(အင်္ဂလိပ်ဘာသာဖြင့်) တင်ပြရမည်။
(မည်သည့် ရောဂါဝေဒနာခံစားနေရသည့် လူနာနှင့် မိသားစု လူနာစောင့် ( )ဦးသည် ( ) ရက်တွင် ဗီဇာသက်တမ်းပြည့်မည်ဖြစ်ပြီး ဆက်လက်ဆေးကုသရန် ရက်ပေါင်း ( ) လိုအပ်ပါသဖြင့် ဗီဇာသက်တမ်းတိုးနိုင်ရန်အတွက် ကူညီဆောင်ရွက်ပေးပါရန် စသည့် အချက်များ ပါဝင်သောထောက်ခံစာ)။
(င) မြန်မာနိုင်ငံတွင် နေထိုင်ကြောင်း ရပ်ကွက်ထောက်ခံစာ (သို့မဟုတ်) ရဲစခန်းထောက်ခံစာ နှင့် TM 30 တို့ တင်ပြရမည်။
(စ) ထိုင်းနိုင်ငံရှိ တက္ကသိုလ်များတွင် လာရောက်သင်ကြားလျက်ရှိသော မြန်မာနိုင်ငံမှ ဌာနဆိုင်ရာ ဝန်ထမ်းဖြစ်လျှင် ခရီးသွားလာခွင့်ပြုမိန့်၊ ကျောင်းထောက်ခံစာ (သက်ဆိုင်ရာ သာဘာရပ်အား မည်သည့် ကာလအထိ တက်ရောက်ရန် လိုအပ်ပါသဖြင့်) စသည်တို့ လိုအပ်သည်။
မှတ်ချက်
စာရွက်စာတမ်းများကို ရောင်စုံ (color) ဖြင့် မိတ္တူတင်ပြသွားရန် ဖြစ်ပါသည်။
(၉) သံဃာတော်များ၏ ဗီဇာရရှိရေးအတွက် ထောက်ခံစာ
မြန်မာနိုင်ငံမှ သံဃာတော်များ ထိုင်းနိုင်ငံသို့ လာရောက်ရာတွင် မြန်မာနိုင်ငံရှိ ထိုင်းသံရုံး တွင် ဗီဇာလျှောက်ထားနိုင်ရန်အတွက် ထုတ်ပေးသည့် ထောက်ခံစာဖြစ်ပါသည်။
လိုအပ်ချက်
(က) ထိုင်းနိုင်ငံမှ ထိုင်းနိုင်ငံသား(သို့မဟုတ်) မြန်မာသံဃာ(သို့မဟုတ်) လူပုဂ္ဂိုလ်တစ်ဦးဦးမှ မြန်မာသံရုံးသို့ လိပ်မူသည့်စာ တင်ပြရပါမည်။
(အဆိုပါဆရာတော်သည် မည်သည့်ကိစ္စဖြင့် ထိုင်းနိုင်ငံသို့ လာရောက်ရန်အတွက် မိမိမှ အစစအရာရာ တာဝန်ယူပါသည်ဟူသည့်စာ)
(ခ) လာရောက်မည့် သံဃာတော်၏ သာသနာဝင်စိစစ်ရေးကတ်ပြား(မူရင်း/မိတ္တူ)နှင့်အတူ ပူးတွဲတင်ပြရမည်။
(ဂ) ၆ လအတွင်း ရိုက်ထားသော ပတ်စ်ပို့ဓာတ်ပုံ ၂ ပုံ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား(မူရင်း/ မိတ္တူ)၊ သန်းခေါင်စာရင်း(မိတ္တူ)တို့ တင်ပြရပါမည်။
(ဃ) မြန်မာနိုင်ငံတွင် ဆရာတော်သီတင်းသုံးနေထိုင်လျက်ရှိသည့် သက်ဆိုင်ရာ မြို့နယ်သံဃာ့ နာယကအဖွဲ့၏ ထောက်ခံစာ တင်ပြရပါမည်။
(င) သာမန်မြန်မာနိုင်ငံကူးလက်မှတ်၏ ကိုယ်ရေးအချက်အလက်ပါ စာမျက်နှာမိတ္တူနှင့် ဗီဇာ စာမျက်နှာအားလုံးမိတ္တူတို့ တင်ပြရပါမည်။
မှတ်ချက်
စာရွက်စာတမ်းများကို ရောင်စုံ (color) ဖြင့် မိတ္တုတင်ပြသွားရန် ဖြစ်ပါသည်။
(၁၀) ထောင်ဝင်စာအတွက် ထောက်ခံစာ
ထိုင်းနိုင်ငံရှိ အကျဉ်းထောင်များတွင် ပြစ်ဒဏ်ကျခံနေရသည့် မြန်မာနိုင်ငံသားများအား ၎င်းတို့၏ မိသားစုဝင်များမှ သွားရောက်တွေ့ဆုံလိုသည့်အခါ သက်ဆိုင်ရာဌာနသို့ လိပ်မူ၍ ထုတ်ပေးသည့် ထောက်ခံစာဖြစ်ပါသည်။
လိုအပ်ချက်
(က) သွားရောက်တွေ့ဆုံမည့်သူ၏ ၆ လအတွင်း ရိုက်ထားသော ပတ်စ်ပို့ဓာတ်ပုံ ၂ ပုံ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား(မူရင်း/မိတ္တူ)နှင့် သန်းခေါင်းစာရင်း (မိတ္တူ)တို့ တင်ပြရပါမည်။
(ခ) အကျဉ်းသားနှင့် သွားရောက်တွေ့ဆုံမည့်သူတို့၏ သာမန်မြန်မာနိုင်ငံကူးလက်မှတ် (သို့မဟုတ်) ယာယီမြန်မာနိုင်ငံကူးလက်မှတ်၏ ကိုယ်ရေးအချက်အလက်ပါ စာမျက်နှာ မိတ္တူနှင့် ဗီဇာစာမျက်နှာအားလုံးမိတ္တူ (သို့မဟုတ်) နေထိုင်ခွင့်လက်မှတ်မိတ္တူတို့ တင်ပြရပါမည်။
(ဂ) အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေသည့် မြန်မာနိုင်ငံသားနိုင်ငံသား၏ အမည်နှင့် အကျဉ်းကျခံနေရသည့် ထောင်လိပ်စာတို့ တင်ပြရပါမည်။
မှတ်ချက်
(၁) စာရွက်စာတမ်းများကို ရောင်စုံ (color) ဖြင့် မိတ္တူတင်ပြသွားရန် ဖြစ်ပါသည်။
(၂) အကျဉ်းသားအမှတ် မသိလျှင် ရပါသည်။
(၁၁) အလောင်းထုတ်ရန်အတွက် ထောက်ခံစာ
အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသားသေဆုံးသူများအား အချိန်မီ သင်္ဂြိုဟ်နိုင်ရေး အတွက် ထုတ်ပေးသည့် ထောက်ခံစာဖြစ်ပါသည်။
လိုအပ်ချက်
(က) သေဆုံးသူ၏ နိုင်ငံကူးလက်မှတ်(မူရင်း/မိတ္တူ)၊ နိုင်ငံသားစိစစ်ရေးကတ်ပြား (မူရင်း/မိတ္တူ)နှင့် သန်းခေါင်စာရင်း (မူရင်း/မိတ္တူ) တင်ပြရပါမည်။
(ခ) သင်္ဂြိုလ်မည့်သူ၏ နိုင်ငံကူးလက်မှတ်(မူရင်း/မိတ္တူ)၊ နိုင်ငံသားစိစစ်ရေးကတ်ပြား(မူရင်း/ မိတ္တူ)နှင့် သန်းခေါင်စာရင်း (မူရင်း/မိတ္တူ) တင်ပြရပါမည်။
(ဂ) သေဆုံးသူနှင့် သင်္ဂြိုလ်မည့်သူ၏ သာမန်မြန်မာနိုင်ငံကူးလက်မှတ် (သို့မဟုတ်) ယာယီ မြန်မာနိုင်ငံကူးလက်မှတ်၏ ကိုယ်ရေးအချက်အလက်ပါ စာမျက်နှာမိတ္တူနှင့် ဗီဇာ စာမျက်နှာအားလုံးမိတ္တူ (သို့မဟုတ်) နေထိုင်ခွင့်လက်မှတ်မိတ္တူ တင်ပြရပါမည်။
(ဃ) သင်္ဂြိုလ်မည့်သူသည် ထိုင်းနိုင်ငံတွင် လာရောက်အလုပ်လုပ်ကိုင်သူဖြစ်ပါက နိုင်ငံကူး လက်မှတ်မိတ္တူ (သို့မဟုတ်) နိုင်ငံကူးလက်မှတ်အမှတ်နှင့် ထုတ်ပေးရက်စွဲတို့ ပါဝင်သည့် အလုပ်သမားကတ်မိတ္တူ၊ ထိုင်းအလုပ်ရှင်၏ နိုင်ငံသားကတ်မိတ္တူ၊ သန်းခေါင်စာရင်း မိတ္တူနှင့် အလုပ်နှင့်ပတ်သက်သည့် စာရွက်စာတမ်းတို့ တင်ပြရပါမည်။
(င) သေမှုသေခင်းဖြင့် ရင်ခွဲရုံတွင် စစ်ဆေးခံရသူဖြစ်လျှင် သက်ဆိုင်ရာ ဆရာဝန်နှင့် ရဲအရာရှိများမှ ထုတ်ပေးသည့်စာ (ထိုင်းဘာသာနှင့် အင်္ဂလိပ်ဘာသာဖြင့်) တင်ပြရပါမည်။
(စ) ဆေးရုံ၌ သေဆုံးပါက ကွယ်လွန်ကြောင်း ဆေးရုံထောက်ခံစာ (ထိုင်းဘာသာနှင့် အင်္ဂလိပ်ဘာသာဖြင့်) တင်ပြရပါမည်။
မှတ်ချက်
စာရွက်စာတမ်းများကို ရောင်စုံ (color) ဖြင့် မိတ္တုတင်ပြသွားရန် ဖြစ်ပါသည်။
(၁၂) လျော်ကြေးထောက်ခံစာ
အကြောင်းအမျိုးမျိုးကြောင့် သေဆုံးခဲ့သူများ၏ အာမခံလျော်ကြေး ထုတ်ယူနိုင်ရေး အတွက် ထောက်ခံစာဖြစ်ပါသည်။ သေဆုံးသူသည် အိမ်ထောင်ရှိသူဖြစ်လျှင် ဇနီး/ခင်ပွန်းမှ လာရောက်လျှောက်ထား၍ အိမ်ထောင်မရှိသူဖြစ်လျှင် မိဘက လာရောက်လျှောက်ထားနိုင်ပါသည်။
လိုအပ်ချက်
(က) သေဆုံးသူနှင့် လျော်ကြေးထုတ်မည့်သူတို့၏ နိုင်ငံကူးလက်မှတ်(မူရင်း/မိတ္တူ)၊ နိုင်ငံသားစိစစ်ရေးကတ် (မူရင်း/မိတ္တူ)နှင့် သန်းခေါင်စာရင်း (မူရင်း/မိတ္တူ) တင်ပြရပါမည်။
(ခ) သေဆုံးသူနှင့် လျော်ကြေးထုတ်မည့်သူတို့၏ သာမန်မြန်မာနိုင်ငံကူးလက်မှတ် (သို့မဟုတ်) ယာယီ မြန်မာနိုင်ငံကူးလက်မှတ်၏ ကိုယ်ရေးအချက်အလက်ပါ စာမျက်နှာမိတ္တူနှင့် ဗီဇာ စာမျက်နှာအားလုံးမိတ္တူ (သို့မဟုတ်) နေထိုင်ခွင့်လက်မှတ်မိတ္တူ တင်ပြရပါမည်။
(ဂ) သေဆုံးသူနှင့် လျော်ကြေးထုတ်မည့်သူတို့သည် ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသည့် သူများ ဖြစ်လျှင် ၎င်းတို့၏ ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်ခွင့်(Work Permit)မိတ္တူ၊ ထိုင်းအလုပ်ရှင်၏ နိုင်ငံသားကတ်ပြားမိတ္တူနှင့် သန်းခေါင်စာရင်းမိတ္တူ (သို့မဟုတ်) တရားဝင်နေထိုင်ခွင့် အထောက်အထားတို့ တင်ပြရပါမည်။
(ဃ) သေဆုံးသူသည် ထိုင်းနိုင်ငံတွင် ပညာသင်ယူလျက်ကြောင်း ကျောင်းထောက်ခံစာနှင့် ကျောင်းသားကတ်မိတ္တူတို့ တင်ပြရပါမည်။
(င) သေဆုံးသူသည် အိမ်ထောင်ရှိသူဖြစ်လျှင် လက်ထပ်စာချုပ်(သို့မဟုတ်)မြန်မာနိုင်ငံမှ သန်းခေါင်စာရင်း(သို့မဟုတ်) မြန်မာနိုင်ငံတွင် နေထိုင်စဉ်က ၎င်းတို့နှစ်ဦးသည် ဤမြို့နယ်၊ ရပ်ကွက်၊ နေအိမ်အမှတ်တွင် နေထိုင်ခဲ့ပြီး ဇနီးမောင်နှံဖြစ်သည်ကို သိရှိထောက်ခံပါသည် ဆိုသည့် ရပ်ကွက်/မြို့နယ်အုပ်ချုပ်ရေးမှူး၏ ထောက်ခံစာ(ရုံးတံဆိပ်) တင်ပြရပါမည်။
(စ) သေဆုံးသူသည် အိမ်ထောင်မရှိသူဖြစ်ပြီး ၎င်းတို့၏ မိဘများမှ ထိုင်းနိုင်ငံသို့ မလာရောက် နိုင်လျှင် သန်းခေါင်စာရင်းဝင် မိသားစုတစ်ဦးဦးက လာရောက်လျှောက်ထားနိုင်ပါသည်-
- မိဘများမှ အသက်အရွယ်ကြီးရင့်ကာ ကျန်းမာရေးမကောင်း၍ ထိုင်းနိုင်ငံသို့ မလာ ရောက်နိုင်ပါသဖြင့် ထိုင်းနိုင်ငံတွင် ( )ရက်တွင် ( )ဖြင့် သေဆုံးခဲ့သည့် သား/သမီး၏ လျော်ကြေးအား အိမ်ထောင်စုစာရင်းဝင် သား/သမီးဖြစ်သည့် ဦး/ဒေါ် ( )အား ကိုယ်စားလွှဲအပ်ပါကြောင်း မိဘများက လက်မှတ်ရေးထိုးထားသည့်စာ တင်ပြရပါမည်။
- မိဘများမှ ကိုယ်စားလှယ်လွှဲအပ်သည့် အဆိုပါစာသည် မှန်ကန်ပါကြောင်းနှင့် အဆိုပါ မိသားစုဝင်တို့သည် ကျေးရွာ/ရပ်ကွက်၊ မြို့နယ်တွင် အမှန်တကယ် နေထိုင်လျက်ရှိပါ ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၏ ထောက်ခံစာ တင်ပြရပါမည်။
(ဆ) သေမှုသေခင်းဖြင့် ရင်ခွဲရုံတွင် စစ်ဆေးခံရသူဖြစ်လျှင် သက်ဆိုင်ရာ ဆရာဝန်နှင့် ရဲအရာရှိ များမှ ထုတ်ပေးသည့်စာ (ထိုင်းဘာသာနှင့် အင်္ဂလိပ်ဘာသာဖြင့်) တင်ပြရပါမည်။
(ဇ) ဆေးရုံ၌ သေဆုံးပါက ကွယ်လွန်ကြောင်း ဆေးရုံထောက်ခံစာ (ထိုင်းဘာသာနှင့် အင်္ဂလိပ် ဘာသာဖြင့်) တင်ပြရပါမည်။
(ဈ)လျှောက်ထားသူ၏ TM 30 တင်ပြရပါမည်။
မှတ်ချက်
စာရွက်စာတမ်းများကို ရောင်စုံ (color) ဖြင့် မိတ္တူတင်ပြသွားရန် ဖြစ်ပါသည်။
(၁၃) နိုင်ငံသားအထောက်အထားအပြည့်အစုံ မရှိသူများအတွက် နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းပြုလုပ်ရန် မြန်မာနိုင်ငံသို့ ပြန်နိုင်မည့် ထောက်ခံစာ
ထိုင်းနိုင်ငံတွင် လာရောက်နေထိုင်အလုပ်လုပ်ရှိပြီး ထိုင်းနိုင်ငံမှ ထုတ်ပေးထားသော ယာယီနေထိုင်အလုပ်လုပ်ကိုင်ခွင့် လက်မှတ်(ဘတ်ကတ်-၇၈) ကိုင်ဆောင်ထားရှိပြီး နိုင်ငံသား အထောက်အထားများဖြစ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု စာရင်း မရှိသူများ အတွက် မြန်မာနိုင်ငံသို့ပြန်၍ နိုင်ငံသားအထောက်အထားပြုလုပ်ရန် ထောက်ခံစာ ထုတ်ပေးခြင်းဖြစ်ပါသည်။
လိုအပ်ချက်
(က) နိုင်ငံခြားရောက်မြန်မာနိုင်ငံသားများ ဖြည့်စွက်ရမည့် ကိုယ်ရေးအချက်အလက် (CV form ) တစ်စုံ (ကစဝခရ၊ ချင်းမိုင်ရုံးမှ ရယူရန်)
(ခ) ယာယီနေထိုင်အလုပ်လုပ်ကိုင်ခွင့်လက်မှတ်(မူရင်း/color copy)
နိုတြီဌာနစိတ်မှ ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းများ
၁။ နိုတြီဌာနစိတ်အနေဖြင့် ပညာသင်သွားရောက်ခြင်း၊ ဥပဒေနှင့်အညီ ကုန်သွယ်မှုနှင့် စီးပွားရှာဖွေခြင်းစသည့် အကြောင်း အမျိုးမျိုးကြောင့် ပြည်ပသို့သွားရောက်မည့် မြန်မာနိုင်ငံသားများ အတွက်လိုအပ်သည့် သက်ဆိုင်ရာအထောက်အထား စာရွက်စာတမ်း များနှင့် အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းများမှ ထုတ်ပေးထားသည့် တရားဝင်စာရွက်စာတမ်းများကို နိုတြီဘာသာပြန်ဆိုရာတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးမှ အသိအမှတ်ပြုထားသော နိုတြီပဗ္ဗလစ် ရှေ့နေမှ ဘာသာပြန်ဆို၍ ထောက်ခံပေးထားသော စာရွက်စာတမ်းများပေါ်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာနှင့်ဥပဒေရေးရာဦးစီးဌာန၊ နိုတြီဌာနစိတ်မှ အဆိုပါ နိုတြီပဗ္ဗလစ်ရှေ့နေ၏ တံဆိပ်နှင့်လက်မှတ် မှန်ကန်ကြောင်း ထပ်ဆင့်ထောက်ခံပေးခြင်းကို အထောက်အထားများ မှန်ကန်စုံလင်ပါက နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိပါသည်။
၂။ နိုတြီထပ်ဆင့်ထောက်ခံချက်ပြုလုပ်ပေးသည့် စာရွက်စာတမ်းများမှာ-
(က) စာမေးပွဲအောင်လက်မှတ်၊ ဘွဲ့လက်မှတ်၊ အမှတ်စာရင်း
(ခ) မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း၊ မွေးစာရင်း၊ ယာဉ်မောင်းလိုင်စင်၊ ကုမ္ပဏီမှတ်ပုံတင်၊ သေစာရင်း၊ ရပ်ကွက် ထောက်ခံစာ၊ရဲစခန်းထောက်ခံစာ
(ဂ) လက်ထပ်စာချုပ်၊ ကျမ်းကျိန်လွှာ၊အိမ်ထောင်ကွဲစာချုပ်၊ General Power၊ Special Power
(ဃ) လူပျို/အပျိုဖြစ်ကြောင်းကျမ်းကျိန်လွှာ
၃။ နိုတြီထပ်ဆင့်ထောက်ခံချက်အားဆောင်ရွက်ခြင်း မပြုနိုင်သော စာရွက်စာတမ်းများမှာ-
(က) မြန်မာနိုင်ငံသား ကလေးများအား နိုင်ငံခြားသားမှ အမွေစား အမွေခံအဖြစ် မွေးစားခြင်း
(ခ) ပြည်ပမှရရှိထားသော အောင်လက်မှတ်၊ဘွဲ့လက်မှတ်၊မွေးစာရင်းများ
(ဂ) ကိုယ်တိုင်ပြုစုထားသော ကိုယ်ရေးရာဇဝင်ကဲ့သို့ စာရွက်စာတမ်းများ
(ဃ) ကိုယ်ပိုင်အသေးစားလုပ်ငန်းများ(ဥပမာ-အပ်ချုပ်လုပ်ငန်း၊ ပုံနှိပ်လုပ်ငန်း၊ ကုန်စုံဆိုင်)
(င) သက်တမ်းလွန်ကုန်ဆုံးနေသော စာရွက်စာတမ်းများ
(စ) ဥပဒေကြောင်းလမ်းအရ တရားဝင်ခြင်းမရှိသည့် စာချုပ်စာတမ်းများ
(ဆ) နိုတြီရှေ့နေမှ သက်ဆိုင်ရာ စာရွက်စာတမ်းအပေါ် လက်မှတ်ရေးထိုးရက်စွဲထက် (၆)လထက် ကျော်လွန်နေသည့် စာရွက် စာတမ်းများ
၄။ နိုတြီထပ်ဆင့်ထောက်ခံချက်ပြုလုပ်ရာတွင် ယူဆောင်လာရမည့် စာရွက်စာတမ်းများမှာ-
(က) မှတ်ပုံတင်(မူရင်း+မိတ္တူ)
(ခ) အိမ်ထောင်စုစာရင်း(မူရင်း+မိတ္တူ)
(ဂ) အောင်လက်မှတ်၊ဘွဲ့လက်မှတ်စသည့် မူရင်းစာရွက်များ(မူရင်း+မိတ္တူ)
(ဃ) နိုတြီ(မူရင်း+မိတ္တူ)
(င) မြန်မာ့စီးပွားရေးဘဏ် (ရန်ကုန်ဘဏ်(၅) MD 000206 သို့မဟုတ် နေပြည်တော်ဘဏ် MD 011133)
၅။ အပျို/လူပျိုဖြစ်ကြောင်း ကျမ်းကျိန်လွှာ(နိုတြီ)နှင့်စပ်လျဉ်း၍ တရားရုံး တစ်ရုံးရုံးတွင် ကျမ်းကျိန်၍ ဥပဒေနှင့် အညီရယူထားသော အပျို/လူပျိုဖြစ်ကြောင်း ကျမ်းကျိန်လွှာကို နိုတြီပဗ္ဗလစ်မှ တာဝန်ခံဘာသာပြန်ဆိုလာမှုအပေါ် ထပ်ဆင့်ထောက်ခံခြင်းအား နိုင်ငံခြားရေးဝန်ကြီးဌာနတွင်(၁၁-၁-၂၀၁၇) ရက်နေ့မှ စတင်၍ လက်ခံဆောင်ရွက်ပေးလျက်ရှိပါသည်။
၆။ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ကိုယ်စားလှယ်ဖြင့် ထပ်ဆင့်ထောက်ခံချက် ဆောင်ရွက်လိုသူအနေဖြင့် မိသားစု အိမ်ထောင်စု စာရင်းဝင်ဖြစ်ရန် လိုအပ်ပါသည်။ အိမ်ထောင်စုစာရင်းဝင် မဟုတ်သော အခြားကိုယ်စားလှယ်တစ်ဦးဖြစ်ပါက ကာယကံရှင်နှင့် ဆက်နွယ်မှုရှိသည့် ခိုင်လုံသော အထောက်အထား သို့မဟုတ် တော်စပ်ကြောင်း ထောက်ခံစာတစ်ခုခုဖြင့် လာရောက်ဆက်သွယ် ဆောင်ရွက်နိုင်ပြီး ကိုယ်စားလှယ်ဆောင်ရွက်သူမှ ကာယကံရှင်၏ မှတ်ပုံတင်မူရင်းကိုတပါတည်း ယူဆောင်လာရမည်ဖြစ်ပါသည်။
၇။ နိုတြီဆောင်ရွက်သူများအနေဖြင့် နိုတြီတစ်စောင်လျှင် ငွေကျပ် ၅၀၀/-နှုန်းဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဘဏ်စာရင်းအမှတ်များ ဖြစ်ကြသော ရန်ကုန်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်(၅) MD 000206 (သို့မဟုတ်) နေပြည်တော်ရှိ မြန်မာ့စီးပွားရေးဘဏ် MD 011133 သို့ ငွေပေးသွင်းရမည်ဖြစ်ပါသည်။ နိုင်ငံခြားရေးဝန်ကြီးဌာနမှ စာရွက်စာတမ်းပြည့်စုံ၍ မှန်ကန်မှုရှိသော နိုတြီများကို ထပ်ဆင့် ထောက်ခံချက်ပြုလုပ်ပေးခြင်းအား နိုင်ငံခြားရေးဝန်ကြီးဌာန (နေပြည်တော်နှင့်ရန်ကုန်)တွင် နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိပြီး၊ လုပ်ငန်းများ ပိုမိုလွယ်ကူ လျင်မြန်စေရန်အတွက် (One Stop Service) အား ရန်ကုန်မြို့၊ နိုင်ငံခြားရေးဝန်ကြီးဌာနရုံးတွင် ဆောင်ရွက် ပေးလျက်ရှိပါသည်။
၈။ ရုံးတည်နေရာနှင့်ဆက်သွယ်ရမည့်လိပ်စာများမှာ –
နေပြည်တော်ရုံး ရန်ကုန်ရုံး
နိုင်ငံခြားရေးဝန်ကြီးဌာန – နိုင်ငံခြားရေးဝန်ကြီးဌာန
ရုံးအမှတ် - (၉)၊ ပဲခူးကလပ်မှတ်တိုင်၊သံတမန်လမ်း
ဖုန်း – ၀၆၇-၄၁၂၁၈၅ ဖုန်း- ၀၁-၂၂၀၂၄၄
ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ ခန့်အပ်ထားသည့် နိုတြီပဗ္ဗလစ်ရှေ့နေများ၏ ရုံးခန်းလိပ်စာနှင့် ဆက်သွယ်ရမည့်ဖုန်းနံပါတ်များ
|
စဉ် |
အမည် |
လိုင်စင်အမှတ် |
လိပ်စာ |
မြို့နယ်/တိုင်း |
|
၁။ |
ဦးစိုးညွန့် |
၃၀၃၇ |
လိပ်စာပေးပို့ခြင်းမရှိပါ။ |
ရန်ကုန် |
|
၂။ |
ဦးပွင့်သာ |
၃၉၄၂ |
လိပ်စာပေးပို့ခြင်းမရှိပါ။ |
ရန်ကုန် |
|
၃။ |
ဦးမျိုးညွန့် |
၆၀၉၆ |
လိပ်စာပေးပို့ခြင်းမရှိပါ။ |
ရန်ကုန် |
|
၄။ |
ဦးတင်ဌေး |
၆၉၃၈ |
အမှတ်(၁၁၅)၊ (၃-အေ)၊ မုဒိတာတိုက်၊ ၈၄ လမ်း၊ ၂၉-၃၀လမ်း အတွင်း၊ ချမ်းအေးသာစံမြို့ နယ်၊ မန္တလေး။ |
မန္တလေး |
|
၅။ |
ဦးသက်ထွန်း |
၁၃၂၅ |
အမှတ်၆၉(စီ)၊ အောင်ဇေယျလမ်းသွယ်(၁)၊ ရွှေတောင်ကြား (၁)ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။ ၀၁-၅၁၃၃၈၅၊၀၁-၅၂၄၀၆၈၊ ၀၉-၄၉၂၁၃၂၃၂။ |
ရန်ကုန် |
|
၆။ |
ဦးတင်အေး |
၃၇၈၉ |
ထ-၈၂(၁/၂) ရာဇဓိရာဇ်လမ်း၊ (၃၈)ရပ်ကွက်၊ ဒဂုံမြို့သစ်(မြောက်)၊ ရန်ကုန်တိုင်းဒေသကြီး။ ၀၉-၄၂၀၀၇၄၃၀၀၊၀၉-၉၇၅၆၀၄၂၆၁၊ ၀၁-၅၈၄၇၅၇။ |
ရန်ကုန် |
|
၇။ |
ဦးကျော်ဝင်း |
၅၂၂၅ |
အမှတ် ၈၃၊ အခန်း(၁၀) ဒုတိယထပ်၊ ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်။ ၀၉-၂၅၄၃၈၂၅၀၆၊၀၁-၆၆၂၈၀၇၊၀၁-၆၅၆၆၁၅။ |
ရန်ကုန်
|
|
၈။ |
ဦးစန်းတင့်ရီ |
၆၇၂၉ |
အမှတ် ၆၂၊ ပထမထပ်၊ အခန်း ၁၅၊ ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်။ ၀၉-၂၀၁၅၁၀၇။ |
ရန်ကုန် |
|
၉။ |
ဦးမြင့်အောင် |
၆၈၃၄ |
အမှတ်၄၊ငုဝါ(၃)လမ်း၊မြကန်သာအိမ်ယာ၊လှိုင်မြို့နယ်၊ရန်ကုန်။ ၀၁-၅၃၀၀၁၂၊၀၉-၂၅၀၀၈၈၄၅၁။ |
ရန်ကုန် |
|
၁၀။ |
ဦးဗိုလ်ကြည် |
၂၇၆၄ |
အမှတ်၈၉၊ကမ်းနားလမ်း၊ဘုရားကြီးရပ်၊မုံရွာမြို့။ ၀၇၁-၂၂၂၄၅၊၀၉-၄၀၀၄၃၄၀၆၄ |
စစ်ကိုင်းတိုင်း |
|
၁၁။ |
ဦးဆန်းထွန်း |
၃၀၂၇ |
တိုက်၅၊အခန်း(A-5)၊မဟာမြိုင်အိမ်ရာ၊ဦးဝိစာရလမ်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်။ ၀၉-၄၂၁၀၃၇၆၁၅။ |
ရန်ကုန် |
|
၁၂။ |
ဦးခင်ထွန်း |
၄၁၁၇ |
အမှတ်၅၇(ပ)ထပ်၊ ဣစ္ဆာသယလမ်း၊ ကျားသစ်ရပ်ကွက်၊တာမွေမြို့နယ်၊ရန်ကုန်။ ၀၉-၅၁၀၉၀၁၂၊၀၁-၅၅၄၄၅၇။ |
ရန်ကုန် |
|
၁၃။ |
ဦးစိုးသိန်း |
၄၇၀၁ |
အမှတ်၅၆၅၊အခန်း၆၀၄၊၆-လွှာ၊MAC Tower ကုန်သည်လမ်း၊ကျောက်တံတားမြို့နယ်၊ရန်ကုန်။ ၀၁-၅၈၀၇၄၀၊၀၉-၅၁၀၉၀၁၁။ |
ရန်ကုန် |
|
၁၄။ |
ဦးထွန်းကြည် |
၆၁၅၉ |
အမှတ်(၁၉)၊ဣစ္ဆာသယလမ်း၊ကျားသစ်ရပ်ကွက်၊တာမွေမြို့နယ်၊ရန်ကုန်။ ၀၁-၅၄၈၀၂၇၊၀၉-၅၁၀၉၀၁၀။ |
ရန်ကုန် |
|
၁၅။ |
ဦးဦးလှမောင် |
၆၃၀၂ |
အမှတ်-၁၆၃၊၄လွှာ၊၃၈ လမ်း၊ကျောက်တံတားမြို့နယ်၊ရန်ကုန်။ ၀၉-၇၉၉၂၂၂၃၁၅။ |
ရန်ကုန် |
|
၁၆။ |
ဦးတင်ဝင်း |
၆၅၈၂ |
အဆောင်(၉)၊အခန်း(၉)၊မြေညီထပ်၊မေတ္တာရပ်ကွက်၊တာမွေမြို့နယ်။ ၀၉-၄၄၄၀၀၇၉၀၁။ |
ရန်ကုန် |
|
၁၇။ |
ဒေါ်သင်းခိုင် |
၆၈၃၁ |
အမှတ်၂၇၊ဝါဝါဝင်းလမ်း၊(၂)ရပ်ကွက်၊မရမ်းကုန်းမြို့နယ်၊ရန်ကုန်။ ၀၉-၇၉၁၈၇၉၁၇၁။ |
ရန်ကုန် |
|
၁၈။ |
ဦးမျိုးမြင့် |
၆၈၃၅ |
အခန်း-၃၈၊ပထမထပ်(STRAND CONDO)၊မဟာဗန္ဓုလပန်းခြံလမ်း(အောက်)၊ကျောက်တံတားမြို့နယ်၊ရန်ကုန်။ ၀၉-၅၂၁၂၄၆၄၊၀၉-၇၆၈၂၀၀၄၇၇၊၀၁-၈၅၆၆၆၃၃။ |
ရန်ကုန် |
|
၁၉။ |
ဒေါ်အေးအေးမင်း |
၇၃၄၅ |
အမှတ်-၁၆၃၊(၄-လွှာ)၊၃၈-လမ်း၊ကျောက်တံတားမြို့နယ်၊ရန်ကုန်။ ၀၉-၇၉၄၄၆၇၀၆၄၊၀၁-၅၁၉၃၅၇ |
ရန်ကုန် |
|
၂၀။ |
ဦးမျိုးချစ် |
၁၃၆၈ |
အမှတ်(၃၇၄)၊၈၃-လမ်း၊၃၁*၃၂လမ်းကြား၊ဂုန္တန်ရပ်၊မန္တလေး။ ၀၉-၂၀၀၀၆၉၂၊၀၂-၂၈၄၄၆၉၂၊၀၉-၄၂၀၇၈၈၈၀၉ |
မန္တလေး |
|
၂၁။ |
ဦးတင်မြင့် |
၁၃၈၄ |
အမှတ်၈၁,၇၉ ပထမထပ်၊၃၈*၃၉ လမ်း၊မဟာအောင်မြေ၊မန္တလေး။ ၀၂-၃၁၅၇၆၊၀၉-၄၂၀၈၈၈၀၇။ |
မန္တလေး |
|
၂၂။ |
ဦးစန်းလွင် |
၃၀၅၆ |
အမှတ်-၃၆/၃၇၊မြို့မစျေး၊နေပြည်တော်။ ၀၉-၅၀၀၃၈၁၃၊၀၁-၅၂၇၇၈၁။ |
နေပြည်တော် |
|
၂၃။ |
ဦးဟန်ညွန့် |
၃၄၅၂ |
အမှတ်-၉၊ကံ့ကော်လမ်း၊မင်္ဂလာလာဒီပလမ်း၊ပုဗ္ဗသီမြို့၊နေပြည်တော်။ ၀၉-၅၀၀၁၀၈၁၊၀၉-၈၆၁၉၇၂၇၊၀၆၇-၅၀၀၁၆၄။ |
နေပြည်တော် |
|
၂၄။ |
ဦးမြညိမ်း |
၆၆၁၁ |
အမှတ်၈၃/၁၀၊ဒုတိယထပ်၊ပန်းဆိုးတန်းလမ်း၊ကျောက်တံတားမြို့နယ်၊ရန်ကုန်။ ၀၉-၂၅၀၂၇၇၈၄၃၊၀၉-၅၁၆၉၈၉၁။ |
ရန်ကုန် |
|
၂၅။ |
ဦးကျော်စိန် |
၃၆၀၅ |
အမှတ်အေ-၀၀၁၊မေယုလမ်း၊ရွှေကြာပင်ရပ်ကွက်၊ဇမ္ဗူသီရိမြို့နယ်၊နေပြည်တော်။ ၀၆၇-၈၁၀၉၆၆၃။ |
နေပြည်တော် |
|
၂၆။ |
ဒေါ်ကျင်စန်း |
၄၄၅၇ |
အမှတ်-၃၇၊ပိတောက်ပင်လမ်း၊ကြည့်မြင်တိုင်။ ၀၁-၅၂၇၂၆၄၊၀၉-၄၂၀၈၈၈၀၈။ |
ရန်ကုန် |
|
၂၇။ |
ဒေါ်ခင်မျိုးမြင့် |
၄၄၆၃ |
အမှတ်၀၀၁၊တိုက်၃၊ဇဂမအိမ်ယာ၊၂-မြောက်ရပ်ကွက်၊သာကေတမြို့နယ်၊ရန်ကုန်။ ၀၉-၅၀၀ ၃၇၁၅၊၀၁-၅၇၃၈၄၃။ |
ရန်ကုန် |
|
၂၈။ |
ဦးသန်းမြိုင် |
၅၃၅၅ |
အမှတ်၁၄၉၊သိမ်ဖြူလမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ရန်ကုန်။ ၀၉-၇၇၆၀၇၇၇၅၆၊၀၁-၂၃၃၁၁၅၄။ |
ရန်ကုန် |
|
၂၉။ |
ဦးတိုက်ပိ |
၆၉၁၇ |
အမှတ်၁၈၊အောင်ချမ်းသာလမ်း၊ရန်ကုန်သစ်ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်၊ရန်ကုန်။ ၀၉-၅၀၃၁၃၇၁၊၀၉-၇၃၂၀၇၉၄၃။ |
ရန်ကုန် |
|
၃၀။ |
ဦးမင်းသူ |
၂၆၅၂ |
အိမ်အမှတ်(၃၁)၊ မြို့သစ်ရပ်ကွက်၊မြစ်ကြီးနားမြို့။ ၀၇၄-၂၃၁၂၈၊ ၀၉-၇၉၀၇၆၇၀၁၈၊၀၉-၇၉၀၇၅၂၄၈၅၊ ၀၉-၄၀၀၀၂၄၄၁၅။ |
ကချင်ပြည်နယ် |
|
၃၁။ |
ဦးသက်ခိုင် |
၁၅၄၆ |
အမှတ်၃/၆၃၇၊ဗိုလ်ချုပ်လမ်း၊အမှတ်(၃)ရပ်ကွက်၊ဘားအံမြို့၊ကရင်ပြည်နယ်။ ၀၉-၅၆၆၀၉၄၂၊၀၅၈-၂၁၄၃၁၊၀၉-၄၉၇၇၁၀၉၁။ |
ကရင်ပြည်နယ်
|
|
၃၂။ |
ဦးနီနီယု |
၁၄၅၆ |
အမှတ်၆၈၊ပျဉ်တောင်တန်း၊ဒိုင်းဝန်ကွင်းရပ်၊မော်လမြိုင်မြို့။ ၀၅၇-၂၆၄၅၆၊၀၅၇-၅၆၄၇၀၊၀၉-၅၃၂၂၈၈၅။ |
မွန်ပြည်နယ် |
|
၃၃။ |
ဦးမျိုးမြင့် |
၁၂၅၄ |
အမှတ်-၇(က)/၄၊အရှေ့မြို့ပတ်လမ်း၊ရေအေးကွင်းရပ်၊တောင်ကြီးမြို့၊ရှမ်းပြည်နယ်။ ၀၈၁-၂၁၂၁၄၈၆၊၀၈၁-၂၁၂၁၇၂၅၊၀၉-၂၅၄၄၀၄၂၃၃၊ ၀၉၇၉၆၂၈၅၆၅၂ |
ရှမ်းပြည်နယ် |
|
၃၄။ |
ဦးစိန်ဝင်းချမ်း |
၂၃၄၄ |
အမှတ်၂၉၅(ပထမထပ်)ဗိုလ်ချုပ်အောင်ဆန်းလမ်း၊မြို့ရပ်ကွက်၊တောင်ကြီးမြို့၊ရှမ်းပြည်နယ်။ ၀၈၁-၂၁၂၃၇၉၉၊၀၈၁-၂၁၂၁၄၉၆၊ ၀၉-၅၁၂၉၃၃၄။ |
ရှမ်းပြည်နယ် |
|
၃၅။ |
ဦးအုန်းကြိုင် |
၃၂၁၅ |
အမှတ်-ဘီ-၄၊ရတနာသီရိအိမ်ယာ၊၇၆လမ်း၊၃၃လမ်းနှင့်၃၄လမ်းကြား၊ချမ်းအေးသာစံမြို့နယ်၊မန္တလေးမြို့။ ၀၉-၅၁၆၀၈၈၆၊၀၉-၇၉၈၈၄၄၆၇၉။
|
ရှမ်းပြည်နယ် |
|
၃၆။ |
ဦးပို |
၄၆၁၇ |
အမှတ်(ဒီ-၁)လမ်း(၇၀)၊၃၀*၃၁လမ်းကြား၊ချမ်းအေးသာစံမြို့နယ်၊မန္တလေး။ ၀၂-၃၁၀၉၅၊၀၉-၂၀၀၁၄၇၂။ |
မန္တလေး |
|
၃၇။ |
ဦးကျော်သောင်း |
၆၄၀၉ |
အမှတ်(၆၈)၊၄၅လမ်း၊မနော်ဟရီလမ်း၊(ဗဗ/၇-၈)ရပ်ကွက်၊အောင်သာယာမြို့သစ်၊ ချမ်းမြေ့သာစည်မြို့နယ်၊မန္တလေး။ ၀၉-၇၉၅၉၄၇၅၄၈၊ ၀၉-၄၃၀၆၁၈၂၄၊၀၉-၄၃၂၀၈၇၆၂။ |
မန္တလေး |
|
၃၈။ |
ဦးမြတ်မင်း |
၇၂၃၃ |
အမှတ်အေ-၁၀(တတိယထပ်)၊ရတနာတိုင်းပြည်အိမ်ယာ(၃၈*၃၉)နှင့်(၆၀*၆၂)လမ်းကြား၊မဟာမြိုင်(၂)ရပ်ကွက်၊မဟာအောင်မြေမြို့နယ်၊ မန္တလေး။ ၀၉-၂၀၃၂၀၄၄။ |
မန္တလေး |
|
၃၉။ |
ဦးအုန်းလှိုင် |
၁၂၇၉ |
အမှတ်(၂၀၆)စင်တာ၊အမှတ်-၁၇၀/၁၇၆ဗိုလ်အောင်ကျော်လမ်း၊ဗိုလ်တစ်ထောင်မြို့နယ်၊ ရန်ကုန်။ ၀၉-၄၃၀၆၇၈၅၃။ |
ရန်ကုန် |
|
၄၀။ |
ဦးစိုးတင့်ရီ |
၁၄၈၇ |
အမှတ်၆၂၊ပထမထပ်၊အခန်း(၁၅)၊ပန်းဆိုးတန်းလမ်း၊ကျောက်တံတားမြို့နယ်၊ရန်ကုန်။ ၀၉-၈၆၂၆၂၅၊၀၉-၇၃၀၉၅၉၀၆။ |
ရန်ကုန် |
|
၄၁။ |
ဦးမြသိန်း |
၄၇၃၃ |
အမှတ်၁၇၊ရွှေဟင်္သာလမ်း၊တာမွေကြီး(က+ဂ)ရပ်ကွက်၊တာမွေ၊ရန်ကုန်။ |
ရန်ကုန် |
|
၄၂။ |
ဒေါ်နုနု |
၁၇၅၀ |
အမှတ်၉/၁၁၊အခန်း(၂၀၃/ဘီ)၊ဒုတိယထပ်၊၃၆လမ်း၊ကျောက်တံတားမြို့နယ်၊ရန်ကုန်။ ၀၉-၉၇၃၁၂၀၈၉၆၊၀၉-၄၄၅၆၇၂၇၄၄။ |
ရန်ကုန် |
|
၄၃။ |
ဦးအောင်သန်းစိုး |
၁၈၀၃ |
အမှတ်-၁၂၊၁၀၇လမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ရန်ကုန်။ ၀၁-၂၉၂၂၆၄၊၀၉-၅၁၇၁၀၃၁ |
ရန်ကုန် |
|
၄၄။ |
ဦးစောမြင့်ကို |
၄၂၃၂ |
အမှတ်၁၂/၃၂၊မြသီတာလမ်း၊ရန်အောင်(၁)ရပ်၊ပျဉ်းမနား၊နေပြည်တော်။ ၀၉-၄၂၀၇၆၅၀၇၈၊၀၉-၄၉၂၀၃၁၆၆။ |
နေပြည်တော် |
|
၄၅။ |
ဦးမြတ်လှဦး |
၁၈၀၇ |
အမှတ်(၅၅၇/၅၆၇)၊မြေညီထပ်၊ကုန်သည်လမ်း၊ကျောက်တံတားမြို့နယ်၊ရန်ကုန်။ ၀၁-၂၄၉၃၄၇၊၀၉-၅၁၅၇၂၄၉။ |
ရန်ကုန် |
|
၄၆။ |
ဦးရှိန်လှိုင် |
၁၉၁၅ |
အမှတ်၂၅၉(ဘီ)၊မြေညီထပ်၊လမ်း၄၀၊ကျောက်တံတားမြို့နယ်၊ရန်ကုန်။ ၀၉-၂၆၀၀၉၁၆၀၀ |
ရန်ကုန် |
|
၄၇။ |
ဦးတက်ဝင်းမြိုင် |
၁၉၅၃ |
အမှတ်၁၀/၁၂၊အခန်း-ဘီ-၅၊၃၅ လမ်း(လမ်းတို)၊ကျောက်တံတားမြို့နယ်၊ရန်ကုန်။ ၀၉-၉၇၆၃၃၃၀၁၈၊၀၉-၂၅၀၇၉၇၀၇၇၊၀၉-၇၃၁၀၂၇၂၅ |
ရန်ကုန် |
|
၄၈။ |
ဦးအောင်စိုး |
၂၁၈၂ |
အမှတ်၁၅၃၊ဒုတိယထပ်၊မဟာဗန္ဓုလပန်းခြံလမ်း၊ကျောက်တံတားမြို့နယ်၊ရန်ကုန်။ ၀၉-၇၃၂၂၄၁၄၃၊၀၉-၄၅၃၈၉၀၇၉၂၊၀၁-၂၄၃၃၆၃ |
ရန်ကုန် |
|
၄၉။ |
ဦးမြဟန် |
၂၇၀၁ |
အမှတ်၅၅၊ဒုတိယထပ်၊မဟာဗန္ဓုလပန်းခြံလမ်း၊ကျောက်တံတားမြို့နယ်၊ရန်ကုန်။ ၀၉-၄၉၂၉၉၁၉၃ |
ရန်ကုန် |
|
၅၀။ |
ဦးချစ်ကိုကို |
၂၈၀၃ |
အမှတ်၆၀၊မြေညီထပ်၊မဟာဗန္ဓုလပန်းခြံလမ်း၊ကျောက်တံတားမြို့နယ်၊ရန်ကုန်။ ၀၁-၂၅၂၉၂၄ |
ရန်ကုန် |
|
၅၁။ |
ဦးမြတ်အေး |
၂၉၅၁ |
အမှတ်၃၅(တတိယထပ်)၊၃၅လမ်း၊ကျောက်တံတားမြို့နယ်၊ရန်ကုန်။ ၀၉-၇၃၂၄၂၆၀၂ |
ရန်ကုန် |
|
၅၂။ |
ဦးသက်ထွန်း |
၃၅၅၇ |
အမှတ်(၆-စီ-၂)၊ရန်ကင်းစင်တာ၊ဆရာစံလမ်း၊ရန်ကင်းမြို့နယ်၊ရန်ကုန်။ ၀၁-၅၅၆၈၁၂၊၀၉-၅၀၃၁၂၃၄၊၀၉-၅၀၁၅၂၃၄။ |
ရန်ကုန် |
|
၅၃။ |
ဒေါ်ခင်မာမာလတ် |
၃၉၅၅ |
တိုက်၃၃၃၊အခန်း၃၊ဗိုလ်အောင်ကျော်လမ်း(အထက်ဘလောက်)၊ကျောက်တံတားမြို့နယ်၊ရန်ကုန်။ ၀၁-၃၉၂၈၅၁၊၀၁-၃၉၂၇၃၅၊ ၀၁-၆၆၁၈၂၄၊၀၁-၆၆၂၇၈၃။ |
ရန်ကုန် |
|
၅၄။ |
ဦးစိုးသိန်း |
၇၉၄၆ |
အမှတ်(၁၃၄)၊မွန်စံပြ(၁)လမ်း၊ ဟင်္သာလမ်း၊ပဲခူးမြို့။ ၀၅၂-၂၂၂၃၁၉၁၊ ၀၉-၄၂၈၁၁၉၂၄၈။ |
ပဲခူး |
|
၅၅။ |
ဦးမြလှိုင် |
၅၀၂၄ |
လမ်း(၇၀)၊၂၉*၃၀ကြား၊အခန်း(စီ-၁၂)၊ဗထူးကွင်းအရှေ့ဘက်တိုက် တန်း၊ ချမ်းအေးသာစံမြို့နယ်၊မန္တလေး။ ၀၉-၂၀၅၇၀၁၄၊ ၀၉-၃၁၀၄၇၉၆၂ |
မန္တလေး |
|
၅၆။ |
ဦးမြဦး |
၂၅၆၃ |
အမှတ်၊ ၂၄-က၊ ဓနိတန်းလမ်း၊ ပုသိမ်မြို့။ |
ပုသိမ် |
|
၅၇။ |
ဦးမြင့်ဆွေ |
၃၇၉၂ |
အမှတ်၁၀၂/ခ၊၆-လမ်း၊၃ ရပ်ကွက်(ငွေကြာရံ)၊ တောင်ဉက္ကလာပ မြို့နယ်၊ရန်ကုန်။ ၀၁-၅၇၁၆ ၅၂၊၀၉-၃၃၃၉၂၉၈၄၊၀၉-၅၁၇၈၇၁၄ |
ရန်ကုန် |
|
၅၈။ |
ဦးထင်ဇော် |
၇၅၄၅ |
အမှတ်၄၅၊တတိယထပ်၊(တော်ဝင်စင်တာ)၊ပြည်လမ်း၊လမ်းမတော်မြို့နယ်၊ရန်ကုန်။ ၀၉-၅၀၀၀၃၄၇၊၀၉-၇၃၁၅၆၇၃၃ |
ရန်ကုန် |
|
၅၉။ |
ဦးဘရှိန် |
၂၁၉၂ |
အမှတ်၈၃၊ဒုတိယထပ်၊အခန်း၁၄(ဒီ)၊ပန်းဆိုးတန်းလမ်း၊ရန်ကုန်။ ၀၉-၄၉၆၅၀၄၅၄။ အမှတ်၄၉၊ ဉတ္တမလမ်း၊စျေးရပ်ကွက်၊ ကျောက်ဖြူလမ်း၊စျေးရပ်ကွက်၊ကျောက်ဖြူ၊ရခိုင်။ ၀၉-၄၉၆၅၀၄၅၄ |
ရခိုင် |
|
၆၀။ |
ဦးသိဏ်းချမ်း |
၁၈၃၀ |
အမှတ်၃၅၊တတိယထပ်၊၃၅ လမ်း၊ကျောက်တံတားမြို့နယ်၊ရန်ကုန်။ ၀၉-၅၁၆၇၇၅၄။ |
ရန်ကုန် |
|
၆၁။ |
ဦးစိုးမိုးထွန်း |
၁၈၈၂ |
အမှတ်၄၂၊၄၄၊ဒုတိယထပ်၊အခန်း၂၄၊၃၆ လမ်းနှင့်ကုန်သည်လမ်း၊ ကျောက်တံတားမြို့နယ်၊ရန်ကုန်။ ၀၉-၄၄၃၀၁၂၈၉၂၊၀၉-၄၃၁၇၅၀၂၃ |
ရန်ကုန် |
|
၆၂။ |
ဒေါ်ရီရီတင် |
၁၉၉၅ |
အမှတ်၈၉၊၃၈လမ်း၊ကျောက်တံတားမြို့နယ်၊ရန်ကုန်။ ၀၁-၃၇၁၇၅၅၊၀၉-၅၀၁၈၃၄၅၊၀၉-၇၈၅၀၁၈၃၄၅၊၀၉-၉၆၅၀၁၈၃၄၅ |
ရန်ကုန် |
|
၆၃။ |
ဦးကျော်ဟိုး |
၄၈၃၀ |
|
ရန်ကုန် (လိပ်စာပေးပို့ခြင်းမရှိပါ။) |
|
၆၄။ |
ဦးအုန်းမြင့် |
၁၁၆၃ |
အမှတ်၁၃ဒီ၊ညောင်ဝိုင်း၊၁၃လမ်း၊ပဲခူးမြို့။ |
ပဲခူး |
|
၆၅။ |
ဦးမြစိန် |
၇၅၉ |
၈၊၆၈လမ်း၊နယူးစီဗွီလိုင်း၊ချမ်းအေးသာစံမြို့နယ်၊မန္တလေး။ |
မန္တလေး |
|
၆၆။ |
ဦးထွန်းဝေ |
၈၆၃ |
၂၈/ဘီ၊၃၂လမ်း၊၆၈-၆၉ကြား၊နယူးစီဗွီလိုင်း၊ချမ်းအေးသာစံမြို့နယ်၊ မန္တလေး။ ၀၉-၅၂၆၁၈၃၁ |
မန္တလေး |
|
၆၇။ |
ဦးတင်မောင် |
၈၈၅ |
၃၁၊၃၀လမ်း၊၇၁လမ်းနှင့်၇၂လမ်းကြား၊မန္တလေး။ ၀၂-၆၈၁၃၉ |
မန္တလေး |
|
၆၈။ |
ဒေါ်နန်းကြည်ညွန့် |
၉၁၂ |
အကွက်၃၄၂၊စိန်ပန်းကတ္တူရပ်၊မဟာအောင်မြေမြို့နယ်၊မန္တလေး။ |
မန္တလေး |
|
၆၉။ |
ဦးမောင်မောင်သောင်း |
၁၃၀၈ |
အမှတ်၁/မေတ္တာလမ်းသွယ်၊၆၂-၆၃နှင့်၃၀-၃၁လမ်းကြား၊ပြည်ကြီးမျက်ရှင်ရပ်၊ချမ်းအေးသာစံမြို့နယ်၊မန္တလေး။ |
မန္တလေး |
|
၇၀။ |
ဦးလွန်းမောင် |
၁၇၂၃ |
အမှတ်၂၄၉၊၆၃လမ်း၊အောင်တော်မူရပ်၊မန္တလေး။ ၀၂-၆၆၂၇၃ |
မန္တလေး |
|
၇၁။ |
ဦးပေါစံ |
၅၃၁၇ |
လမ်း၇၀၊၃၀ ၃၁ကြား၊ဗဟိုအမျိုးသမီးဆေးရုံကြီးတိုက်တန်း၊ဒီ(၄)၊ချမ်းအေးသာစံမြို့နယ်၊မန္တလေး။ |
မန္တလေး |
|
၇၂။ |
ဦးအုန်းမောင် |
၁၈၅၅ |
ဒိုက်ဦး၊ပဲခူးမြို့။ |
ပဲခူး |
|
၇၃။ |
ဦးဟန်ရှိန် |
၁၈၆၉ |
၆၄လမ်း၊၂၄လမ်းဒေါင့်၊မဟာဇေယျာဘုံရပ်ကွက်၊အောင်မြေသာစံမြို့နယ်၊မန္တလေး။ |
မန္တလေး |
|
၇၄။ |
ဒေါ်ခင်သန်းနွဲ့ |
၁၁၈၃ |
မင်းရပ်၊မိတ္တီလာမြို့။ ၀၆၄-၂၅၉၃၇၊၀၉-၄၉၂၄၂၅၈၃ |
မိတ္တီလာ |
|
၇၅။ |
ဦးကျော်သာ |
၅၀၅၆ |
သဇ-၂၃၄/သာဇံလှလမ်း၊ရူပမြောက်ရပ်ကွက်၊စစ်တွေ။ |
ရခိုင် |
|
၇၆။ |
ဦးမောင်သာလှ |
၂၉၂၂ |
တိုက်၁၄၊အခန်း၂၊ပြည်တော်သာရပ်ကွက်၊စစ်တွေ။ |
ရခိုင် |
|
၇၇။ |
ဒေါ်ခင်ကြည် |
၆၆၆ |
အမှတ်၅၃/၅၅၊မဟာဗန္ဓုလပန်းခြံလမ်း၊ရန်ကုန်။ ၀၁-၃၇၅၅၉၉ |
ရန်ကုန် |
|
၇၈။ |
ဒေါ်ခင်လေး |
၈၅၁ |
၅၆၁၊ကုန်သည်လမ်း၊ရန်ကုန်။ |
ရန်ကုန် |
|
၇၉။ |
ဒေါ်မြင့်မြင့်ခင် |
၈၄၄ |
၅၆၃၊ကုန်သည်လမ်း၊ရန်ကုန်။ |
ရန်ကုန် |
|
၈၀။ |
ဦးဟန် |
၉၄၀ |
၄၅၃/၄၅၅(ပထပ်)၊မဟာဗန္ဓုပန်းခြံလမ်း၊ရန်ကုန်။ |
ရန်ကုန် |
|
၈၁။ |
ဦးမြသိန်း |
၉၇၃ |
အမှတ်၅၂၊မဟာဗန္ဓုလပန်းခြံလမ်း၊ရန်ကုန်။ ၀၉-၄၂၀၇၈၈၈၀၅ |
ရန်ကုန် |
|
၈၂။ |
ဒေါ်ခင်ခင် |
၉၇၈ |
အခန်း၃၀/၅၅၊မဟာဗန္ဓုပန်းခြံလမ်း၊ရန်ကုန်။ |
ရန်ကုန် |
|
၈၃။ |
ဦးတင်လတ် |
၉၀၄ |
၃၃၊၁၃၀လမ်း၊မင်္ဂလာတောင်ညွန့်မြို့နယ်၊ရန်ကုန်။ |
ရန်ကုန် |
|
၈၄။ |
ဦးသိန်းဟန် |
၁၀၇၀ |
၂၃၂၊၃၉လမ်း၊မြေညီထပ်၊ကျောက်တံတားမြို့နယ်၊ရန်ကုန်။ |
ရန်ကုန် |
|
၈၅။ |
ဦးခင်မောင်ဦး |
၁၄၀၉ |
အမှတ်၅၄၊ မဟာဗန္ဓုပန်းခြံလမ်း၊ရန်ကုန်။ |
ရန်ကုန် |
|
၈၆။ |
ဦးချမ်းလွင် |
၉၉၅ |
အမှတ်၅၊ရွှေစပယ်လမ်းသွယ်၊အောင်သိဒ္ဓိလမ်း၊၃ရပ်ကွက်၊မရမ်းကုန်းမြို့နယ်၊ရန်ကုန်။ |
ရန်ကုန် |
|
၈၇။ |
ဦးသန်းတင် |
၁၀၈၉ |
အမှတ်၄၆၊ပထမထပ်၊မဟာဗန္ဓုလပန်းခြံလမ်း၊ကျောက်တံတားမြို့နယ်၊ရန်ကုန်။ ၀၁-၃၇၂၄၉၁၊၀၁-၃၇၂၉၅၀ |
ရန်ကုန် |
|
၈၈။ |
ဦးလှမြင့်ဝင်း |
၁၆၅၃ |
အမှတ်၁၀၀၊၁၃လမ်း၊လမ်းမတော်မြို့နယ်၊ရန်ကုန်။ |
ရန်ကုန် |
|
၈၉။ |
ဦးသိန်းမြင့် |
၅၃၅၃ |
အမှတ်၈၆၊ပန်းဆိုးတန်းလမ်း၊ရန်ကုန်။ ၀၁-၃၈၆၈၂၄၊၀၉-၇၉၅၈၄၇၄၃၈ |
ရန်ကုန် |
|
၉၀။ |
ဦးထွန်းရှင် |
၅၂၇၉ |
အမှတ်၃၀၊သုဝဏ္ဏ၊ သင်္ဃန်းကျွန်း၊ရန်ကုန်။ ၀၁-၅၆၁၆၃၁ |
ရန်ကုန် |
|
၉၁။ |
ဦးစိုးမြင့် |
၁၁၅၂ |
တိုက်၃၆ဘီ၊အခန်း၆၊ရှမ်းလမ်း၊စမ်းချောင်း၊ရန်ကုန်။ |
ရန်ကုန် |
|
၉၂။ |
ဦးခင်မောင်အေး |
၂၂၀၆ |
အမှတ်၁၉၀၊အင်ကြင်းမြိုင်လမ်းသွယ်(၁)၊သုဝဏ္ဏ၊သင်္ဃကျွန်း၊ရန်ကုန်။ |
ရန်ကုန် |
|
၉၃။ |
ဦးဘသန်းအောင် |
၁၃၄၇ |
အမှတ်၂၀၊တော်ဝင်လမ်း၊ဒဂုံမြောက်ပိုင်း၊၃၂တိုးချဲ့ရပ်ကွက်၊ရန်ကုန်။ |
ရန်ကုန် |
|
၉၄။ |
ဦးဘဇော် |
၁၁၁၅ |
အမှတ်၆၀၊အခန်း၅၊မြေညီထပ်၊မဟာဗန္ဓုလပန်းခြံလမ်း၊ကျောက်တံတားမြို့နယ်၊ရန်ကုန်။ ၀၁-၂၅၂၉၂၄ |
ရန်ကုန် |
|
၉၅။ |
ဦးစိန်လှ |
၉၂၃ |
အမှတ်၅၀၊အခန်း(အေ-၂၀)၊ပထမထပ်၊ဘဏ်လမ်း၊ကျောက်တံတားမြို့နယ်၊ရန်ကုန်။ |
ရန်ကုန် |
|
၉၆။ |
ဦးဟန်ရီ |
၁၆၃၅ |
အမှတ်၉၊မဟာဆိုရှယ်လမ်း၊၈ရပ်ကွက်၊လှည်းတန်း၊ကမာရွတ်၊ရန်ကုန်။ |
ရန်ကုန် |
|
၉၇။ |
ဦးခင်အောင် |
၂၁၇၇ |
အမှတ်၅၀၊အခန်း(အေ/၂၀)ဘဏ်လမ်း၊ကျောက်တံတား၊ရန်ကုန်။ ၀၉-၂၆၄၃၇၁၇၉၁၊၀၉-၇၇၃၅၃၂၆၂၅ |
ရန်ကုန် |
|
၉၈။ |
ဦးသိမ်းလှိုင် |
၂၇၆၀ |
၃၂လမ်း၊၇၃နှင့်၇၄လမ်းကြား၊မောရဂီဝါရပ်၊မန္တလေး။ |
မန္တလေး |
|
၉၉။ |
ဦးခင်မောင်လေး |
၂၃၉၅ |
အမှတ်၉၀/စီ၊အင်းယားလမ်း၊ရန်ကုန်။ |
ရန်ကုန် |
|
၁၀၀။ |
ဦးဝင်းလှိုင် |
၁၄၈၄ |
အမှတ်၂၇(ဘ |
ရန်ကုန် |
|
၁၀၁။ |
ဦးသန်းအောင် |
၁၁၀၆ |
အမှတ်၈၂၊မင်္ဂလာလမ်း၊စမ်းချောင်း၊ကမာရွတ်၊ရန်ကုန်။ ၀၉-၅၁၀၅၂၃၄ |
ရန်ကုန် |
|
၁၀၂။ |
ဦးထွန်းနိုင် |
၉၂၇ |
ကမာရွတ်၊ရန်ကုန်။ |
|
|
၁၀၃။ |
ဦးရဲထွန်း |
၁၁၂၂ |
အမှတ်၁၃၃၊၁၉လမ်း၊လသာ၊ရန်ကုန်။ |
ရန်ကုန် |
|
၁၀၄။ |
ဦးချန်ထွန်း |
၁၄၈၅ |
အမှတ်၁၀/၁၂၊၃၅လမ်း၊ ကျောက်တံတား၊ရန်ကုန်။ ၀၉-၇၃၀၁၄၂၁၆၊၀၉-၅၀၄၉၂၆၇၊၀၉-၂၅၄၃၁၁၄၃၂ |
ရန်ကုန်
|
|
၁၀၅။ |
ဦးတင်ထွန်း |
၆၀၇၆ |
အမှတ်၂၀၃/က၊ဒုထပ်၊ MAC Tower ကုန်သည်လမ်း၊ကျောက်တံတားမြို့နယ်၊ရန်ကုန်။ |
ရန်ကုန် |
|
၁၀၆။ |
ဦးအေးမောင် |
၁၃၈၁ |
အမှတ်၄(က-၁)၊မင်းကွန်းဓမ္မဝိဟာရလမ်း၊ဗဟန်း၊ရန်ကုန်။ |
ရန်ကုန် |
|
၁၀၇။ |
ဦးသောင်းညွန့် |
၁၀၁၄ |
အမှတ်၂၊ဥယျာဉ်လမ်းသွယ်၊ကမာရွတ်၊ရန်ကုန်။ |
ရန်ကုန် |
|
၁၀၈။
|
ဦးသန်းအောင် |
၂၁၆၄ |
အမှတ်၅၆၃၊အခန်း၂၀၃၊ဒုတိယထပ်၊MAC Tower ကုန်သည်လမ်း၊ကျောက်တံတားမြို့နယ်၊ရန်ကုန်။ |
ရန်ကုန် |
|
၁၀၉။ |
ဒေါက်တာထွန်းရှင် |
၁၃၇၇ |
အမှတ်၃၇၊အာတီးယားလမ်း၊ကမာရွတ်၊ရန်ကုန်။ |
ရန်ကုန် |
|
၁၁၀။ |
ဦးခင်မြင့် |
၇၂၇၂ |
တိုက်၃၊အခန်း-စီ၊ပြည်ထောင်စုရိပ်သာ၊ဒဂုံမြို့နယ်၊ရန်ကုန်။ |
ရန်ကုန် |
|
၁၁၁။ |
ဦးလှဝင်း |
၂၇၅၄ |
အမှတ်၆၂၊မြေညီထပ်၊မဟာဗန္ဓုလပန်းခြံလမ်း၊ကျောက်တံတား၊ ရန်ကုန်။ ၀၉-၂၀၂၉၁၇၉ |
ရန်ကုန်
|
|
၁၁၂။ |
ဒေါ်ပိုပိုကြည် |
၁၃၄၀ |
အမှတ်၃၁၂/၃၁၈၊အခန်း၂၀၂၊ကွန်ဒို(အေ)၊အဏ္ဏဝါရိပ်သာလမ်း၊လမ်းမတော်၊ ရန်ကုန်။ ၀၁-၂၃၀၀၅၃၄ |
ရန်ကုန် |
|
၁၁၃။ |
ဦးစီလှိုင် |
၁၁၈၇ |
အမှတ်၈၁၊ဇောတိကလမ်း၊ရေအေးကွင်းရပ်၊တောင်ကြီး။ |
တောင်ကြီး |
|
၁၁၄။ |
ဦးမောင်မောင်ထွတ် |
၁၃၅၉ |
မြိုင်သဇင်ရိပ်သာ၊ရေထွက်ဦး၊တောင်ကြီး။ |
တောင်ကြီး |
|
၁၁၅။ |
ဒေါ်စောမြဝတီ |
၁၄၃၈ |
အမှတ်၄၀၃/ဂ၊ဇောတိကလမ်း၊ရေအေးကွင်းရပ်၊တောင်ကြီး။ ၀၉-၂၅၈၆၆၉၄၉၂၊၀၈၁-၂၁၂၁၄၈၆ |
တောင်ကြီး |
|
၁၁၆။ |
ဦးထွန်းရီ |
၁၂၆၅ |
အမှတ်၁၀၄၊ဆပ္ပကုန်းကျောင်းလမ်း၊ရွှေကူရပ်ကွက်၊ဟင်္သာတမြို့၊ဧရာဝတီတိုင်း။ ၀၄၂-၂၁၄၆၇၊၀၉-၅၁၃၀၁၉၁ |
ဧရာဝတီ |
|
၁၁၇။ |
ဦးသန်းဦး |
၁၆၇၉ |
တိုက်၁၇၊အခန်း၂၊ပြည်တော်သာအိမ်ယာ၊၄ရပ်ကွက်၊ပုသိမ်။ |
ပုသိမ် |
|
၁၁၈။ |
ဦးမြသိန်း |
၄၇၃၃ |
အမှတ်၁၇၊ရွှေဟင်္သာလမ်း၊တာမွေကြီး(က+ဂ)ရပ်ကွက်၊တာမွေ၊ရန်ကုန်။ |
ရန်ကုန် |
မှတ်ချက်။ အမည်ကွဲလွဲမှုရှိပါက သန်းခေါင်းစာရင်း၊ အလုပ်သမားကဒ်တို့တွင် ဖော်ပြထားသော ဖခင်အမည် ယခင်ဗီဇာ/နေထိုင်ခွင့် ကူးယူထားသည့်အချက်အလက်များအပေါ် တိုက်ဆိုင် စစ်ဆေး၍ တူညီမှုရှိမှသာ ထုတ်ပေးပါမည်။
