Myanmar Time :

Thailand Time :

English Thai

embassy logo 01

ကောင်စစ်ဆိုင်ရာ မြန်မာနိုင်ငံသားအကျိုး ဝန်ဆောင်မှုလုပ်ငန်းများ

၁။ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့သည် ကောင်စစ်လုပ်ငန်းများအား အောက်ဖော်ပြပါ သတ်မှတ်နှုန်းထားများအတိုင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း တင်ပြအပ်ပါသည်-

စဉ် နိုင်ငံသားဝန်ဆောင်မှုလုပ်ငန်းများ နှုန်းထား
(က) နိုင်ငံကူးလက်မှတ် သက်တမ်းတိုးလျှောက်ထားခြင်း ထိုင်းဘတ် ၁၂၅၀
(ခ) နိုင်ငံကူးလက်မှတ် ပျောက်ဆုံး/ ပျက်စီးလျှောက်ထားခြင်း 
( ဒဏ်ကြေး + စာအုပ်အသစ်ကြေး) (၂၄၀၀+၁၂၅၀)
ထိုင်းဘတ် ၃၆၅၀
(ဂ) ထိုင်းနိုင်ငံတွင် မွေးဖွားသည့် ကလေးများအတွက် နိုင်ငံကူးလက်မှတ် လျှောက်ထားခြင်း ထိုင်းဘတ် ၁၂၅၀
(ဃ) မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်ထုတ်ပေးခြင်း
(မွေးကင်းစကလေး မြန်မာပြည်ပြန်ခေါ်ရန်/ အလည်အပတ် လာရောက်စဉ် နိုင်ငံကူးလက်မှတ်ပျောက်ဆုံးခြင်း)
ထိုင်းဘတ် ၄၀၀
(င) ထောက်ခံစာများ ထိုင်းဘတ် ၁၀၀

၂။ အထက်ဖော်ပြပါဝန်ဆောင်မှုလုပ်ငန်းများအတွက် အကြံပြုလွှာများပေးပို့လိုပါက စာတိုက်ပုံး မှ တစ်ဆင့် လည်းကောင်း၊ ဤကောင်စစ်ဝန်ချုပ်ရုံး၏အီးမေးလ် This email address is being protected from spambots. You need JavaScript enabled to view it. သို့ လည်းကောင်း အထောက်အထားနှင့်တကွ ပေးပို့နိုင်ပါကြောင်း အသိပေးအပ်ပါသည်။

ရက်စွဲ၊ ၂၀၂၃ ခုနှစ်၊ မတ်လ ၁ ရက်
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊
ချင်းမိုင်မြို့။

 
Consulate - General of the Republic of the Union of Myanmar
Chiang Mai, Kingdom of Thailand