Myanmar Time :

Thailand Time :

English Thai

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့၏ ကောင်စစ်နယ်မြေများဖြစ်သော ချင်းမိုင် ပြည်နယ်၊ လန်ဖွန်းပြည်နယ်၊ လန်ပန်းပြည်နယ်၊ ဥတ္တရာဒစ်ပြည်နယ်၊ ဖရာယ့်ပြည်နယ်၊ နမ်ပြည်နယ်၊ ဖယောင်းပြည်နယ်၊ ချင်းရိုင်ပြည်နယ်နှင့် မယ်ဟောင်ဆောင်ပြည်နယ်များတွင် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလျက်ရှိပြီး ဆက်လက် နေထိုင်ရန် အမှန်တကယ်အခက်အခဲများ ကြုံတွေ့နေရပါသဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လိုသည့် မြန်မာနိုင်ငံသားများသာ ဖြည့်သွင်းရန်ဖြစ်ပါသည်။ အခြားပြည်နယ်မှ မြန်မာနိုင်ငံသားများနှင့် ရွှေ့ပြောင်း အလုပ်သမား များဖြည့်စွက်ရန် မလိုအပ်ပါ။ မြန်မာရွှေ့ပြောင်းအလုပ်သမားများစာရင်းအား အလုပ်သမားသံအရာရှိရုံးမှ သီးခြား ကောက်ယူလျက်ရှိပါသဖြင့် ဝင်ရောက် ဖြည့်စွက်ရန် ဖြစ်ပါသည်။


မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိချိန်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသော လူထုအခြေပြုကုသစောင့်ရှောက်မှုပေးခြင်း (Community Based Facility Quarantine) ၂၁ ရက်နှင့် မိမိနေအိမ်တွင် သီးခြားနေထိုင်ခြင်း (Home Quarantine) ၇ ရက်၊ စုစုပေါင်း (၂၈) ရက် မပျက်မကွက် လိုက်နာဆောင်ရွက် ရမည်ဖြစ်ပါသည်။

 

 

 

 
Consulate - General of the Republic of the Union of Myanmar
Chiang Mai, Kingdom of Thailand