Myanmar Time :

Thailand Time :

English Thai

မြန်မာနိုင်ငံကူးလက်မှတ်လက်ဝယ်ရှိသူ မိဘနှစ်ပါးမှ မွေးဖွားလာသော မွေးကင်းစကလေးများအတွက် မွေးဖွားကြောင်းမှတ်ပုံတင်ရာ၌ လျှောက်ထားရန် လိုအပ်ချက်များ

၁။ မိဘနှစ်ပါးမှလက်မှတ်ရေးထိုးသောကိုယ်ရေးလျှောက်လွှာ ( အပေါ်စာ ) ( ၂ ) စောင် ( မူရင်း + မိတ္တူ )

၂။ ကလေးအတွက် ( ၄၅ ) ချက်ပါ ကိုယ်ရေးမှတ်တမ်းပုံစံ (၈)မျက်နှာ ( ၂ )စောင် ( မူရင်း )
( ပြည်စုံစွာ ဖြည့်စွက်ပါရန်၊ ဓါတ်ပုံများကပ်ပါရန် )

၃။ ဖခင် နှင့် မိခင် ( ၄၅ ) ချက်ပါ ကိုယ်ရေးမှတ်တမ်းပုံစံ ( ၈ ) မျက်နှာ ( ၂ ) စောင်စီ ( မူရင်း )
( ပြည်စုံစွာ ဖြည့်စွက်ပါရန်၊ ဓါတ်ပုံများကပ်ပါရန် )

၄။ ကလေး၏ ဓါတ်ပုံအပို ( ၂ ) ပုံ
( သတ်မှတ်ချက်အတိုင်းရိုက်ကူးပါရန် )

၅။ ကလေး၏ မွေးစာရင်း ( မူရင်း+မိတ္တူ ၂ စောင် )
( မူရင်းနှင့်မိတ္တူတိုက်ဆိုင်စစ်ဆေး၍ မူရင်းပြန်ပေးပါမည် )
( ထိုင်းဘာသာဖြင့်ထုတ်ပေးသောစာရွက်ဖြစ်ပါက အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုပါရန် )

၆။ ဖခင်နှင့်မိခင်၏သာမန်မြန်မာနိုင်ငံကူးလက်မှတ်မိတ္တူ ( ၂ ) စုံစီ
( စာမျက်နှာအလွတ်များမှလွဲ၍ စာမျက်နှာအားလုံးမိတ္တူ တင်ပြပါ )

၇။ ဖခင် ( သို့မဟုတ် ) မိခင်၏ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ခွင့် ( Work Permit )  သို့မဟုတ် တရားဝင်နေထိုင်ခွင့် အထောက်အထား

၈။ ဖခင်နှင့်မိခင်၏ လက်ထပ်စာချုပ်မိတ္တူ ( ၂ ) စောင်

၉။ ဖခင် ( သို့မဟုတ် ) မိခင် တစ်ဦးဦးသည် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ၏ ရှေ့ပိုင်းကတည်းက ထိုင်းနိုင်ငံသို့ ရောက်ရှိနေသူဖြစ်ပါက ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလအထိ ဝင်ငွေခွန် ထမ်းဆောင်ပြီး ကြောင်း ထောက်ခံစာ ( မဆောင်ရသေးပါက တစ်ဦးမှ ဝင်ငွေခွန် ထမ်းဆောင်ပါရန် )

၁၀။ ကလေး၏ ဖခင် ( သို့မဟုတ် ) မိခင်မှ လာရောက်လျှောက်ထားရန်

မှတ်ချက်။      ။

စာရွက်စာတမ်းများပြည့်စုံပါက ကောင်စစ်ဝန်ချုပ်ရုံးမှ မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးရေးအဖွဲ့သို့ တင်ပြ၍ ခွင့်ပြုချက်ရရှိမှသာ နိုင်ငံကူး လက်မှတ် ထုတ်ပေးပါမည်။

စာရွက်စာတမ်းများပြည့်စုံပါက ကောင်စစ်ဝန်ချုပ်ရုံးမှ မြန်မာနိုင်ငံ အမျိုးသားမှတ်ပုံတင် နှင့် နိုင်ငံသား ဦးစီးဌာနသို့ ဆက်လက်တင်ပြ၍ မိဘနှစ်ပါး၏ ကိုယ်ရေးမှတ်တမ်းတွင် ထည့်သွင်း ပေးသွားမည် ဖြစ်ပါသည်။

မှတ်ပုံတင်ရန်ပျက်ကွက်မှု ဒဏ်ကြေး အဖြစ် တစ်နှစ်မှ ငါးနှစ်အတွင်း မှတ်ပုံတင်ရန် ပျက်ကွက်ပါက ထိုင်းဘတ် ၁၀၀၊ ငါးနှစ်နှင့်အထက်မှတ်ပုံတင်ရန် ပျက်ကွက်ပါ က ထိုင်းဘတ် ၂၀၀ ပေးဆောင်ရမည်ဖြစ်ပါသည်။

 

Naing (2) Naing (8) CV fo baby CV for parents

 

မွေးကင်းစကလေး နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်း

မြန်မာနိုင်ငံသား မိဘနှစ်ဦးမှ မွေးဖွားလာသည့် ကလေးအတွက် နိုင်ငံကူးလက်မှတ်အသစ် လျှောက်ထားခြင်း

(က) မွေးဖွားသည့်နေ့မှ ၁ နှစ်အတွင်း တင်ပြလျှောက်ထားရပါမည်။
(ခ) ဝင်ငွေခွန်စည်းကြပ်ခြင်းနှင့် အကျုံးဝင်မှု ရှိ-မရှိ စိစစ်ပြီး ၃၁-၁၂-၂၀၁၁ ရက်နေ့အထိ မိဘမှ ဝင်ငွေခွန် ကျေပွန်ရပါမည်။
(ဂ) နိုင်ငံကူးလက်မှတ်လျှောက်ထားရာတွင် လျှောက်လွှာအား ပြည့်စုံစွာ ဖြည့်စွက်၍ မိဘ ၂ ပါး၏ လက်ထပ် စာချုပ်မိတ္တူ၊ ကလေး၏ မွေးစာရင်းမိတ္တူ၊ မိဘ၏ ဝင်ငွေ ခွန်ပြေစာမိတ္တူ၊ ကလေးသည် မည်သည့်နိုင်ငံသားအဖြစ်မှ ခံယူထားခြင်း မရှိကြောင်းခံဝန်ချက်နှင့် ကလေးအနေဖြင့် မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင် ရန် မိဘ ၂ ဦးလုံးမှ သဘောတူကြောင်း စာတို့အား (၄)စုံပြုလုပ်၍ တင်ပြ လျှောက်ထားရပါမည်။
(ဃ) မိဘ၂ပါးသည် Permanent Resident Card ကိုင်ဆောင်ထားသူဖြစ်ပါက ယင်းကဒ်မူရင်းများအား နိုင်ငံကူးလက်မှတ်သက်တမ်းတိုးလျှောက်လွှာတင်သည့် အခါ တင်ပြ၍ မိတ္တူ(၁)စောင်အား ပူးတွဲ တင်ပြရပါမည်။

မြန်မာနိုင်ငံသား မိခင်/ဖခင်တစ်ဦးနှင့် နိုင်ငံခြားသားမိခင်/ဖခင်တစ်ဦးတို့မှ မွေးဖွားလာသည့် ကလေးအတွက် နိုင်ငံကူး လက်မှတ်အသစ် လျှောက်ထားခြင်း

(က) မြန်မာနိုင်ငံသား မိခင်/ ဖခင်တစ်ဦးနှင့် နိုင်ငံခြားသားမိခင်/ ဖခင်တစ်ဦးတို့မှ မွေးဖွားလာသည့် ကလေးအတွက် မြန်မာနိုင်ငံကူးလက်မှတ်အသစ်ကိုလျှောက်ထား နိုင်ပါသည်။
(ခ) ဖခင်မှ နိုင်ငံခြားသားဖြစ်ပါက မိခင်မှ နိုင်ငံခြားသားမှီခို အပြန်လေယာဉ် စရိတ် အဖြစ် အာမခံစပေါ်ငွေပေးသွင်း၍ လျှောက်ထားရမည်ဖြစ်ပြီး ပေးသွင်းပြီး ဖြစ်ပါ က ပေးသွင်းပြီး မိတ္တူနှင့်အတူ တင်ပြလျှောက်ထားရပါမည်။
(ဂ) ဖခင်ဖြစ်သူမှာ မြန်မာနိုင်ငံသားဖြစ်လျှင် ၃၁-၁၂-၂၀၁၁ ရက်နေ့အထိ ဝင်ငွေခွန် ကျေပွန်ပြီး ဖြစ်ရပါမည်။
(ဃ) နိုင်ငံကူးလက်မှတ်လျှောက်ထားရာတွင် လျှောက်လွှာအား ပြည့်စုံစွာ ဖြည့်စွက်၍ မိဘ ၂ ပါး၏ လက်ထပ်စာချုပ်မိတ္တူ၊ ကလေး၏မွေးစာရင်းမိတ္တူ၊ မိဘ၏ ဝင်ငွေခွန် ပြေစာမိတ္တူ၊ ကလေးသည် မည်သည့်နိုင်ငံသားအဖြစ်မှ ခံယူထားခြင်းမရှိကြောင်း ခံဝန်ချက်နှင့် ကလေး အနေဖြင့် မြန်မာနိုင်ငံကူး လက်မှတ် ကိုင်ဆောင်ရန် မိဘ ၂ ဦးလုံးမှ သဘောတူကြောင်း စာတို့အား (၄)စုံပြုလုပ်၍ တင်ပြလျှောက်ထားရပါ မည်။
(င) မိခင်/ဖခင်တစ်ဦးဦးသည် Permanent Resident Card ကိုင်ဆောင်ထားသူ ဖြစ်ပါက ယင်းကဒ်မူရင်းများအား နိုင်ငံကူးလက်မှတ်သက်တမ်းတိုး

 

Passport for New Born Baby Personal Letter New Born baby

 
Consulate - General of the Republic of the Union of Myanmar
Chiang Mai, Kingdom of Thailand