Myanmar Time :

Thailand Time :

English Thai

မြန်မာနိုင်ငံကူးလက်မှတ် ပျောက်ဆုံး / ပျက်စီးသဖြင့် နိုင်ငံကူးလက်မှတ်အသစ် လျှောက်ထားရန် လိုအပ်ချက်များ

၁။ ကိုယ်ရေးလျောက်လွှာ ( အပေါ်စာ ) ( ၂ ) စောင် ( မူရင်း + မိတ္တူ )

၂။ ( ၄၅ ) ချက်ပါ ကိုယ်ရေးမှတ်တမ်းပုံစံ ( ၈ )မျက်နှာ ( ၂ ) စောင် ( မူရင်း ၂ စောင် )
( ပြည်စုံစွာ ဖြည့်စွက်ပါရန်၊ ဓါတ်ပုံများကပ်ပါရန် )

၃။ ဓါတ်ပုံအပို ( ၂ ) ပုံ
( သတ်မှတ်ချက်အတိုင်းရိုက်ကူးပါရန် )

၄။ မြန်မာနိုင်ငံကူးလက်မှတ်ပျောက်ဆုံးကြောင်းရဲစခန်းထောက်ခံချက် ( ၂ ) စောင် ( မူရင်း+မိတ္တူ )
( ထိုင်းဘာသာဖြင့်ထုတ်ပေးသောစာရွက်ဖြစ်ပါက အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုပါရန် )
( ပျက်စီးသော နိုင်ငံကူးလက်မှတ်လက်ဝယ်ရှိပါက ရဲစခန်းထောက်ခံစာ မလိုပါ၊ စာမျက်နှာအလွတ်များမှလွဲ၍ အားလုံးမိတ္တူ ကူးပါ )

၅။ သာမန်မြန်မာနိုင်ငံကူးလက်မှတ်မိတ္တူ ( ၂ ) စုံ
( ရနိုင်ပါက စာမျက်နှာအလွတ်များမှလွဲ၍ စာမျက်နှာအားလုံးမိတ္တူ တင်ပြပါ )

၆။ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ခွင့် ( Work Permit ) သို့မဟုတ် တရားဝင်နေထိုင်ခွင့် အထောက်အထား

၇။ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ၏ ရှေ့ပိုင်းကတည်းက ထိုင်းနိုင်ငံသို့ ရောက်ရှိနေသူဖြစ်ပါက ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလအထိ ဝင်ငွေခွန်ထမ်းဆောင်ပြီးကြောင်း ထောက်ခံစာ ( မဆောင်ရသေးပါက ဝင်ငွေခွန်ထမ်းဆောင်ပါရန် )

၈။ ကာယကံရှင်ကိုယ်တိုင်လာရောက်ဆောင်ရွက်နိုင်ခြင်းမရှိပါက ကိုယ်စားဆောင်ရွက်ခွင့် ပြုပါရန် ကိုယ်စားလှယ်လွှဲစာနှင့် ကိုယ်စားဆောင်ရွက်သူ၏ မှတ်ပုံတင် ( သို့ ) နိုင်ငံကူးလက်မှတ် မိတ္တူ

မှတ်ချက်။   ။စာရွက်စာတမ်းများပြည့်စုံပါက ကောင်စစ်ဝန်ချုပ်ရုံးမှ မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးရေးအဖွဲ့သို့ တင်ပြ၍ ခွင့်ပြုချက်ရရှိမှသာ နိုင်ငံကူး လက်မှတ် ထုတ်ပေးပါမည်။

 

Passport Lost Form Personal Letter For Lost Passport

 
Consulate - General of the Republic of the Union of Myanmar
Chiang Mai, Kingdom of Thailand