၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက် (တနင်္ဂနွေနေ့)၌ ကျင်းပပြုလုပ်မည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ အထွေထွေရွေးကောက်ပွဲအတွက် ထိုင်းနိုင်ငံမြောက်ပိုင်းခရိုင်များ၌ အလုပ် လုပ်ကိုင်လျက်ရှိသော မြန်မာနိုင်ငံသားများ၏ ကြိုတင်ဆန္ဒမဲပေးခြင်းကို မြန်မာကောင်စစ်ဝန်ချုပ် ရုံး၊ ချင်းမိုင်မြို့၌ ၁-၁၂-၂၀၂၅ ရက်(တနင်္လာနေ့)မှ ၄-၁၂-၂၀၂၅ ရက်(ကြာသပတေးနေ့)အထိ ၄ ရက်တိုင် ကျင်းပပြုလုပ်ခဲ့ရာတွင် ပုံစံ(၁၅)ဖြင့် ကြိုတင်ဆန္ဒမဲလက်မှတ် လျှောက်ထားခဲ့သော မြန်မာနိုင်ငံသားများသည် မိမိတို့၏ဆန္ဒမဲများကို စနစ်တကျပေးအပ်ခဲ့ပါကြောင်းနှင့် အဆိုပါဆန္ဒမဲ များအား နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ဆက်လက် ပေးပို့ခဲ့ပါကြောင်းကို အများပြည်သူသိရှိနိုင်ရန် မဲဆန္ဒရှင်ပြည်သူများ၏ လာရောက်မဲပေးမှု အခြေအနေအား မှတ်တမ်းဓာတ်ပုံများနှင့်တကွ အသိပေးထုတ်ပြန်အပ်ပါသည်။
မြန်မာကောင်စစ်ဝန်ချုပ်ရုံး
ချင်းမိုင်မြို့
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်


















