Myanmar Time :

Thailand Time :

English Thai

၁။ PJ နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပသို့ ထွက်ခွာမည့်သူများအား အသိပေးခြင်းကို (၁၁-၃-၂၀၂၅) ရက် မြန်မာ့အလင်းသတင်းစာတွင်လည်းကောင်း၊ မိမိအစီအစဉ် ကျွမ်းကျင်မြန်မာ လုပ်သားများအား စေလွှတ်နိုင်ရေးနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ်(SOP) များကို (၂၈-၃-၂၀၂၅) ရက်ထုတ် မြန်မာ့အလင်းသတင်းစာတွင်လည်းကောင်း၊ အေဂျင်စီ အစီအစဉ်ဖြင့်ဖြစ်စေ၊ မိမိအစီအစဉ်ဖြင့်ဖြစ်စေ နိုင်ငံအလိုက်စေလွှတ်ရေးလုပ်ငန်းစဉ် SOP များကို ၂၂-၃-၂၀၂၅ ရက်မှ ၂၈-၃-၂၀၂၅ ရက်အထိ နိုင်ငံပိုင်သတင်းစာများတွင်လည်းကောင်း၊ ဝန်ကြီးဌာန၏ Facebook Page ၊ Safe Migration Facebook Page နှင့် Safe Migration Telegram Channel တို့တွင်လည်းကောင်း၊ အများပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်ရေး အသိပေးကြေညာချက်တွင် ပြည်ပထွက်ခွာခွင့်နှင့်ပတ်သက်၍ အလုပ်သမားညွှန်ကြားရေးဦးစီး ဌာနသို့ အနည်းဆုံးရုံးပိတ်ရက် (မပါ) ၅ ရက်ကြိုတင်၍ လျှောက်ထားရမည်ဖြစ်ကြောင်း ဖော်ပြခဲ့ ပြီးဖြစ်ပါသည်။

၂။ ၎င်းကြေညာချက်နှင့်အညီ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် အေဂျင်စီအစီ အစဉ်ဖြင့်ဖြစ်စေ၊ မိမိအစီအစဉ်ဖြင့် ကျွမ်းကျင်/ခွင့်ပြန် ဖြင့်ဖြစ်စေ OWIC ပြုလုပ်ခွင့်များနှင့် ပြည်ပ ထွက်ခွာခွင့်များကို စိစစ်ခွင့်ပြုပေးလျက်ရှိပါသည်။

၃။ သို့ရာတွင် အပြည်ပြည်ဆိုင်ရာလေဆိပ်များမှ ပေးပို့လာသည့် စာရင်းများအရ မိမိအစီအစဉ် ဖြင့် ခွင့်ပြန် OWIC လက်ဝယ်ရှိပြီးသူများသည် အပိုဒ် ၁ ပါအချက်များကို လိုက်နာခြင်းမရှိသည့် အပြင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသို့ တင်ပြခြင်းမရှိဘဲ ပြည်ပသို့ထွက်နေကြောင်း စိစစ် တွေ့ရှိရပါသည်။

၄။ ပြည်ပထွက်ခွာခွင့်များနှင့် ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဝန်ကြီးဌာန ၏ website www.mol.gov.mm ၊ Safe Migration Facebook Page နှင့် Safe Migration Telegram Channel တို့တွင်ကြေညာထားရှိပြီးဖြစ်ပါသည်။

၅။ သို့ဖြစ်ပါ၍ OWIC လက်ဝယ်ကိုင်ဆောင်ထားသူများအနေဖြင့် ပြည်ပနိုင်ငံများသို့ ထွက်ခွာ မည်ဆိုပါက ၁၄-၁-၂၀၂၆ ရက်မှစတင်၍ သတ်မှတ်စည်းကမ်းများနှင့်အညီ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၏ ခွင့်ပြုချက်ရယူပြီးမှသာ ပြည်ပသို့ ပြန်လည်ထွက်ခွာရန် လိုအပ်ကြောင်း ထပ်မံ အသိပေးကြေညာအပ်ပါသည်။

အလုပ်သမားဝန်ကြီးဌာန

20260318 01

 
Consulate - General of the Republic of the Union of Myanmar
Chiang Mai, Kingdom of Thailand