






On April 8, 2026, U Ming Kyaw Linn, Consul-General of the Republic of the Union of Myanmar in Chiang Mai, visited the Women Correctional Institution alongside a delegation of Honorary Consuls-General from Honorary consulates based in Chiang Mai and the Director of the Ministry of Foreign Affairs (Chiang Mai Office).
During the visit, the delegation observed the living conditions, healthcare services, and daily routines of the inmates, including Myanmar nationals. They also viewed the implementation of vocational training programs, language courses, and various activities designed to promote the mental and physical well-being of the inmates, as well as provided donations of food and sanitary items. Ms. Wipornpak Kaiboonsri, Director of the Chiang Mai Women Correctional Institution, and relevant officials warmly welcomed the Consul-General and the delegation. The Director briefed the delegation on the institute's objectives and its daily operational processes.
During the meeting, the Consul-General emphasized and discussed matters concerning the provision of proper healthcare for over 150 Myanmar nationals among the approximately 1,800 female inmates, as well as ensuring consular access, including facilitating contact with their families in Myanmar. Following the discussion, the Consul-General provided personal care products, ready-to-eat meals including Myanmar traditional food, and necessary supplies for infants born to mothers during their imprisonment. Furthermore, the Consul-General and the delegation showed their support by purchasing various handicrafts produced by the inmates.
The Consulate-General of the Republic of the Union of Myanmar
Date: April 12, 2026
****************************
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ် က ချင်းမိုင်မြို့၊ အမျိုးသမီး ပြုပြင်ထိန်းသိမ်းရေးစခန်း၌ အကျဉ်းကျခံနေရသည့် မြန်မာနိုင်ငံသား အကျဉ်းသူများအပါအဝင် အမျိုးသမီးအကျဉ်းသူများအား သွားရောက်လှူဒါန်းခဲ့ခြင်းကိစ္စ
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးမင်းကျော်လင်း နှင့် ချင်းမိုင် မြို့အခြေစိုက် ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ချုပ်ရုံးများမှ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်ချုပ်များ နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန(ချင်းမိုင်ရုံး)မှ ညွှန်ကြားရေးမှူးတို့ ပူးပေါင်းပါဝင်သော အဖွဲ့ သည် ၈-၄-၂၀၂၆ ရက်တွင် ချင်းမိုင်မြို့၊ အမျိုးသမီးပြုပြင်ထိန်းသိမ်းရေးစခန်း (Chiang Mai Women Correctional Institution) သို့ သွားရောက်၍ အကျဉ်းကျခံလျက်ရှိသည့် မြန်မာနိုင်ငံသား အကျဉ်းသူများအပါအဝင် အမျိုးသမီးအကျဉ်းသူများ၏ နေထိုင်စားသောက်မှုအခြေအနေများ၊ ကျန်းမာရေးစောင့်ရှောက်မှု ရရှိမှုအခြေအနေများ၊ အကျဉ်းသူများ၏ တစ်နေ့တာ ဆောင်ရွက်ရ သည့် လုပ်ငန်းစဉ်များနှင့် အကျဉ်းသူများအား လေ့ကျင့်သင်ကြားပေးနေသည့် အသက်မွေးဝမ်း ကျောင်းဆိုင်ရာ သင်တန်းများ၊ ဘာသာစကားသင်တန်းများနှင့် စိတ်ကျန်းမာပျော်ရွှင်စေမည့် လေ့ကျင့်ခန်းများ ဆောင်ရွက်နေမှုကို လေ့လာကြည့်ရှုအားပေးခဲ့ပြီး အကျဉ်းသူများအတွက် စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများအား ပေးအပ်လှူဒါန်းခဲ့ပါသည်။
ကောင်စစ်ဝန်ချုပ်နှင့် အဖွဲ့ကို ချင်းမိုင်မြို့၊ အမျိုးသမီးပြုပြင်ထိန်းသိမ်းရေးစခန်းမှ ညွှန်ကြားရေးမှူး Ms. Wipornpak Kaiboonsri နှင့် တာဝန်ရှိသူများက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုခဲ့ပြီး အမျိုးသမီး ပြုပြင်ထိန်းသိမ်းရေးစခန်း တည်ထောင်ရခြင်း၏ ရည်ရွယ်ချက်နှင့် နေ့စဉ် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါ ထိန်းသိမ်းရေး စခန်းတွင် အကျဉ်းသူ ၁,၈၀၀ ဦးခန့်ရှိပြီး မြန်မာနိုင်ငံသားအကျဉ်းသူ ၁၅၀ ဦးကျော်အတွက် သင့်လျော်သော ကျန်းမာရေးစောင့်ရှောက်မှုများပေးအပ်ရေးနှင့် မြန်မာနိုင်ငံရှိ မိဘဆွေမျိုးများထံ ဆက်သွယ်နိုင်ရေကိစ္စများအပါအဝင် ကောင်စစ်ရေးရာဆက်သွယ်ဆောင်ရွက်ခွင့်ရရှိရေး ကိစ္စရပ် များကို ကောင်စစ်ဝန်ချုပ်က အဓိကဆွေးနွေးပြောကြားခဲ့ပါသည်။
ညွှန်ကြားရေးမှူးနှင့် တွေ့ဆုံဆွေးနွေးမှုပြီးနောက် ကောင်စစ်ဝန်ချုပ် က အကျဉ်းကျခံနေရ သည့် မြန်မာနိုင်ငံသား အကျဉ်းသူများအပါအဝင် အမျိုးသမီးအကျဉ်းသားများအတွက် လိုအပ် သည့် တစ်ကိုယ်ရည်အသုံးဆောင် ပစ္စည်းများ၊ မြန်မာအစားအစာများအပါအဝင် အသင့်စား အစားအစာများနှင့် အကျဉ်းကျခံစဉ် မွေးဖွားခဲ့သည့် ကလေးများအတွက် အသုံးအဆောင်ပစ္စည်း များ ထောက်ပံ့လှူဒါန်းခြင်းနှင့် ပြုပြင်ထိန်းသိမ်းရေးစခန်းမှ အကျဉ်းသူများက ပြုလုပ်ရောင်းချ သော လက်မှုပစ္စည်းများကို ဝယ်ယူအားပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့
ရက်စွဲ၊ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၂ ရက်
