Myanmar Time :

Thailand Time :

English Thai
20260820 3 01
 
20260820 3 02
20260820 3 03
 

U Min Kyaw Linn, the Consul-General of the Republic of the Union of Myanmar in Chiang Mai, attended the Opening Ceremony of Songkran Festival held under the theme of Joyful Songkran, My Home, on 13 April, 2026, upon the invitation of Chiang Mai Mayor Mr. Assanee Buranupakorn. The Ceremony was organized by Chiang Mai Municipality and took place at the famous Tha Phae Gate, in Chiang Mais Old City.

Also present at the event were Governor and Mayor of Chiang Mai province, Consuls-General and Consuls from the Consulates-General based in Chiang Mai as well as officials from various offices in Chiang Mai. Before the opening ceremony, a religious service was conducted, which included listening to the chanting of protective Paritta suttas by the 9 venerable monks, led by the Patriarch of the Chiang Mai Provincial Sangha Organization. Along with other distinguished guests, the Consul-General offered alms to 30 monks. Following the offering, the congregation shared the merits gained from these noble deeds through a water-libation ceremony.


The Consulate-General of the Republic of the Union of Myanmar
Date: April 14, 2026

****************************

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ် က ဆုန်ခရမ်ရေသဘင်ပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ခြင်းကိစ္စ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးမင်းကျော်လင်း သည် ချင်းမိုင်မြို့တော်၊ မြို့တော်ဝန် Mr. Assanee Buranupakorn ၏ ဖိတ်ကြားချက်အရ ၁၃-၄-၂၀၂၆ ရက်တွင် ချင်းမိုင်မြို့တော်စည်ပင်သာယာရေးရုံးက ကြီးမှူး၍ ချင်းမိုင်မြို့ရှိ မြို့ဟောင်း၏ ထင်ရှားသောဂိတ်တံခါးဖြစ်သည့် သာ့ဖယ်ဂိတ်၌ ကျင်းပပြုလုပ်သော ဆုန်ခရမ် ရေသဘင်ပွဲတော် - Joyful Songkran, My Home ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ ပါသည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ချင်းမိုင်ခရိုင်အုပ်ချုပ်ရေးမှူး၊ ချင်းမိုင်မြို့တော်ဝန်နှင့်အတူ ချင်းမိုင်မြို့၌ ဖွင့်လှစ်ထားသော ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များ၊ ကောင်စစ်ဝန် များနှင့်ချင်းမိုင်ခရိုင် အစိုးရရုံးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။ ဖွင့်ပွဲ အခမ်းအနားမစတင်မီ ချင်းမိုင်ခရိုင်၊ သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးအပါအဝင် ချင်းမိုင် မြို့ရှိ ထေရ်ကြီးဝါကြီး သံဃာတော် (၉) ပါးထံမှ အန္တရာယ်ကင်းပရိတ်တရားတော်များ နာယူခဲ့ပြီး ကောင်စစ်ဝန်ချုပ်သည် အခြားဧည့်သည်တော်များနှင့်အတူ သံဃာတော်(၃၀)ပါးထံ ဆွမ်းဆန်စိမ်း နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူ ပရိတ်သတ် များက လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ပါသည်။


မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့
ရက်စွဲ၊ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၄ ရက်

 
Consulate - General of the Republic of the Union of Myanmar
Chiang Mai, Kingdom of Thailand