Chiang Mai- 28-9-2018
In Commemoration of 70th Anniversary of Diplomatic Relations between Myanmar and Thailand, the Consulate-General of the Republic of the Union of Myanmar in collaboration with the Embassy of Myanmar in Bangkok held “Myanmar Cultural Show” at Kad Suan Kaew Theater in Chiang Mai on Wednesday 26th September 2018.
Vice Governor of Chiang Mai Province of Kingdom of Thailand, Mr. Kris Thanaranich attended the event as Guest of Honour and 492 guests, including Consul-Generals, Consuls and Honorary Consuls residence in Chiang Mai, officials from Thai government agenices, Presidents, Vice Presidents of Chiang Mai University, Payap University, Mae Fa Long University, Thai students from Myanmar Department from Chiang Mai University, Thai students from Faculty of Political Science and Faculty of Fine Arts from Chiang Mai University and Payap University, Myanmar scholars, Myanmar Community in Chiang Mai and invited guests were present at the said event.
Consulate-General of the Republic of the Union of Myanmar
Chiang Mai | Kingdom of Thailand
မြန်မာ-ထိုင်း သံတမန်ဆက်ဆံရေး ထူထောင်မှု နှစ် (၇၀) ပြည့် အထိမ်းအမှတ် မြန်မာယဉ်ကျေးမှုဖျော်ဖြေ ပွဲအား ချင်းမိုင်မြို့၌ ကျင်းပခဲ့ခြင်း
ချင်းမိုင်၊ ၂၈-၉-၂၀၁၈
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်း၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြန်မာ ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့နှင့် မြန်မာသံရုံး၊ ဘန်ကောက်မြို့တို့ ပူးပေါင်း၍ မြန်မာ-ထိုင်း သံတမန်ဆက်ဆံရေးထူထောင်မှု နှစ် (၇၀) ပြည့် အထိမ်းအမှတ်အဖြစ် မြန်မာ ယဉ်ကျေးမှုဖျော်ဖြေပွဲ တစ်ရပ်အား ၂၆-၉-၂၀၁၈ ရက်နေ့ မွန်းလွဲ ၁၉၀၀ နာရီမှ ၂၁၃၀ နာရီအထိ ချင်းမိုင်မြို့၊ Kad Suan Kaew ပြဇာတ်ရုံတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ယင်းအခမ်းအနားသို့ ချင်းမိုင်ပြည်နယ်အုပ်ချုပ်ရေးမှူးကိုယ်စား ဒုတိယ ပြည်နယ် အုပ်ချုပ်ရေးမှူး H.E. Mr. Kris Thanaranich က အထူးဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပြီး ထိုင်းနိုင်ငံ စစ်ဘက်၊ အရပ်ဘက် မှ ဌာနဆိုင်ရာ အရာရှိကြီးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ချင်းမိုင်မြို့အခြေစိုက် ကောင်စစ်ဝန်ချုပ်များ၊ ကောင်စစ်ဝန်များ၊ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်များ၊ ချင်းမိုင်တက္ကသိုလ် အပါအဝင် ထိုင်းနိုင်ငံ မြောက်ပိုင်းမှ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခဆရာကြီး ဆရာမကြီးများ၊ ချင်းမိုင် တက္ကသိုလ်၊ မြန်မာစာဌာနမှ ဌာနမှူး၊ ဆရာဆရာမများနှင့် ကျောင်းသူကျောင်းသားများ၊ ချင်းမိုင်တက္ကသိုလ်၊ ဖာ့ရပ်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံအထူးပြု ကျောင်းသားကျောင်းသူများ၊ အနုပညာ ဘာသာရပ်အထူးပြု ထိုင်းကျောင်းသားကျောင်းသူများ၊ မြန်မာ ပညာတော်သင်ကျောင်းသား၊ ကျောင်းသူများ၊ ချင်းမိုင်မြို့ မြန်မာနိုင်ငံသား ရပ်မိရပ်ဖများ၊ မိတ်ဆွေ သင်္ဂဟများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ အပါအဝင် ဧည့်သည်တော် စုစုပေါင်း (၄၉၂) ဦး တက်ရောက်ခဲ့ပါသည်။
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့