Myanmar Time :

Thailand Time :

English Thai

(19-1-2019, Nay Pyi Taw)

The Myanmar delegation led by Union Minister for International Cooperation U Kyaw Tin attended the ASEAN Foreign Ministers’ Retreat, which was held on 17-18 January 2019 in Chiang Mai, Thailand.

The Union Minister attended the Working Dinner hosted by Foreign Minister of Thailand Mr. Don Pramudwinai on 17th January and ASEAN Foreign Ministers’ Retreat held on 18th January.

At the Retreat, the Ministers exchanged views on Thailand’s initiatives under the theme of “Advancing Partnership for Sustainability”, priorities of Thailand’s ASEAN Chairmanship including its proposals on launching of ASEAN Centres, Complementarities between the ASEAN Community Vision 2025 and the UN 2030 Agenda for Sustainable Development, matters related to ASEAN Community Building and the preparations for the upcoming 34th ASEAN Summit. The Ministers also exchanged views on ASEAN’s external relations and regional and international issues of common interest and concern.

At the Working Dinner, the Union Minister briefed the ASEAN Foreign Ministers in an informal setting on the recent developments in Rakhine State and had a fruitful discussion with the ASEAN Foreign Ministers on ways and means to enhance cooperation between Myanmar and ASEAN in facilitating the repatriation process.

In his briefing, the Union Minister U Kyaw Tin informed the Meeting of the recent agreement on the Terms of Reference (TOR) of Needs Assessment to Support Repatriation Process in Rakhine during the visit of the Secretary-General of ASEAN to Myanmar as a follow up to the decision at the 33rd ASEAN Summit. He also apprised the meeting of the work plan of the preliminary and comprehensive needs assessment to be conducted by the AHA Needs Assessment Team according to the TOR. Furthermore, the Union Minister also discussed with ASEAN Foreign Ministers on the AHA Centre’s capacity building programme on disaster management and repatriation process, as well as on the possible areas of cooperation in the repatriation, resettlement and development in the Rakhine State. He also updated on the efforts of preparations made by Myanmar for return of displaced persons in accordance with the bilateral agreements between Myanmar and Bangladesh, progress of the implementation on the MoU between Myanmar, the UNHCR and UNDP and ongoing work of the Independent Commission of Enquiry to address the issue of accountability.

In the Press Statement issued by the ASEAN Chair, the ASEAN Foreign Ministers expressed their agreement on the importance of ASEAN’s role and welcomed the endorsement of the TOR of the Needs Assessment Team during the visit of the ASEAN Secretary-General to Myanmar. The ASEAN Ministers also expressed their continued support for Myanmar’s humanitarian relief programme, agreed to increase the cooperation for sustainable and equitable development in Rakhine State, welcomed Myanmar’s commitment to ensure safety and security for all communities in Rakhine State as effectively as possible, and reaffirmed ASEAN’s support for Myanmar’s efforts to bring peace, stability, the rule of law, to promote harmony and reconciliation among the various communities.

The ASEAN Foreign Ministers’ Retreat was held for the first time during ASEAN Chairmanship of Thailand in 2019 under the theme “Advancing Partnership for Sustainability”. Thailand will assume the ASEAN Chairmanship from 1st January to 31st December 2019.


အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့ တက်ရောက်ခဲ့

(၁၉-၁-၂၀၁၉ ရက်၊ နေပြည်တော်)

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်မှ ၁၈ ရက်အထိ ကျင်းပသည့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ၏ သီးသန့် အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးသည် ဇန်နဝါရီလ ၁၇ ရက်တွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး Mr. Don Pramudwinai က တည်ခင်း ဧည့်ခံသည့် အလုပ်သဘော ညစာစားပွဲသို့ လည်းကောင်း၊ ဇန်နဝါရီလ ၁၈ ရက်တွင် ကျင်းပသည့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့လည်းကောင်း အခြား အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့်အတူ တက်ရောက် ခဲ့ပါသည်။

နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေး၌ ၂၀၁၉ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ထမ်းဆောင်မည့် ထိုင်းနိုင်ငံ၏ ဦးစားပေးလုပ်ငန်းစဉ်များနှင့် ထိုင်းနိုင်ငံတွင် တည်ထောင်မည့် အာဆီယံဗဟိုဌာနများနှင့် ပတ်သက်၍ လည်းကောင်း၊ အာဆီယံအသိုက်အဝန်း မျှော်မှန်းချက် (၂၀၂၅) နှင့် ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (၂၀၃၀) တို့အကြား အပြန်အလှန် အကျိုးပြုခြင်းကို တိုးမြှင့်စေမည့် အစီအစဉ်များကို လည်းကောင်း၊ အာဆီယံအသိုက်အဝန်း တည်ထောင်ရေးနှင့် ပတ်သက်၍ (၃၄) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးအတွက် ကြိုဆင်ပြင်ဆင်မှုများ၊ အာဆီယံ၏ ပြင်ပဆက်ဆံရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ ကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးအမြင်ချင်း ဖလှယ်ခဲ့ကြပါသည်။

အလုပ်သဘော ညစာစားပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ရခိုင်ပြည်နယ် အရေးကိစ္စနှင့်စပ်လျဉ်း၍ နောက်ဆုံးဖြစ်ပေါ် တိုးတက်မှု အခြေအနေများကို အလွတ်သဘော ရှင်းလင်းပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးသည် နေရပ်စွန့်ခွာသူများ ပြန်လည်ပို့ဆောင်ရေး လုပ်ငန်းစဉ်တွင် အာဆီယံမှ ပံ့ပိုးကူညီ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်သွားရေးနှင့်ပတ်သက်၍ အခြား အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများနှင့် ခင်မင်ရင်းနှီးစွာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။

ထိုသို့ ပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီးက (၃၃) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး၏ ဆွေးနွေးဆုံးဖြတ်ချက်များ ကို ဆက်လက် အကောင်အထည်ဖော်ရာတွင် အာဆီယံ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ဘေးအန္တရာယ် စီမံခန့်ခွဲမှုနှင့် ပတ်သက်သည့် အာဆီယံ၏ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ညှိနှိုင်းမှုဌာန (AHA Centre) က စေလွှတ်မည့် လိုအပ်ချက် ဆန်းစစ်လေ့လာရေးအဖွဲ့၏ လုပ်ငန်းလမ်းညွှန် (TOR) ကို အတည်ပြုနိုင်ခဲ့ခြင်း၊ လိုအပ်ချက် ဆန်းစစ်လေ့လာရေးအဖွဲ့မှ ကနဦးလိုအပ်ချက် ဆန်းစစ်လေ့လာခြင်းနှင့် အလုံးစုံလိုအပ်ချက် ဆန်းစစ်လေ့လာခြင်းတို့ကို ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များကို အသိပေးပြောကြားခဲ့ပြီး AHA Centre အနေဖြင့် မြန်မာနိုင်ငံ၏ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ လူသားစွမ်းရည်ဖွံ့ဖြိုးရေး အစီအစဉ်များနှင့် နေရပ်ပြန်ပို့ရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်နိုင်မည့် အလားအလာများအပြင် နေရပ်ပြန်ပို့ရေး၊ ပြန်လည် ထူထောင်ရေးနှင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် အာဆီယံက ကူညီပံ့ပိုးပေးနိုင်မည့် နယ်ပယ်များနှင့်ပတ်သက်၍ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ပါသည်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီးက နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် နှစ်နိုင်ငံ သဘောတူညီချက်နှင့်အညီ မြန်မာနိုင်ငံဘက်မှ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ မြန်မာနိုင်ငံ၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် ကုလသမဂ္ဂ ဖွံဖြိုးမှုအစီအစဉ် (UNDP) တို့အကြား လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာအား အကောင်အထည်ဖော်ရာတွင် ဖြစ်ပေါ်တိုးတက်မှုများနှင့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေး အပြီးတွင် အာဆီယံဥက္ကဋ္ဌ၏ သတင်းထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ရာ အဆိုပါ သတင်းထုတ်ပြန်ချက်တွင် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများသည် အာဆီယံ၏ အခန်းကဏ္ဍ အရေးပါမှုကို သဘောတူညီကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး၊ လိုအပ်ချက် ဆန်းစစ်လေ့လာရေးအဖွဲ့၏ လုပ်ငန်းလမ်းညွှန် (TOR) ကို အာဆီယံ အတွင်းရေးမှူးချုပ်၏ ခရီးစဉ်အတွင်း အတည်ပြုနိုင်ခဲ့ခြင်းကို ကြိုဆိုကြောင်း၊ မြန်မာနိုင်ငံ၏ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ အစီအစဉ်များကို ဆက်လက်ထောက်ခံကြောင်း၊ ရခိုင်ပြည်နယ် စဉ်ဆက်မပြတ် ဟန်ချက်ညီညီ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပူးပေါင်းပါဝင်မှု တိုးမြှင့်ရန် သဘောတူညီကြောင်း၊ ရခိုင်ပြည်နယ်ရှိ အသိုက်အဝန်းများ အားလုံး၏ ဘေးကင်း လုံခြုံရေးအတွက် လုံခြုံရေး အစီအမံများကို အတတ်နိုင်ဆုံး ထိထိရောက်ရောက် ဆောင်ရွက်ရန် မြန်မာအစိုးရ၏ ကတိကဝတ်ပြုခြင်းကို ကြိုဆိုကြောင်း၊ ရခိုင်ပြည်နယ်၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လူ့အဖွဲ့အစည်းများအကြား သဟဇာတဖြစ်ရေးနှင့် ပြန်လည်သင့်မြတ်ရေး တို့အတွက် မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများကို ဆက်လက် ထောက်ခံအားပေးကြောင်း ဖော်ပြပါရှိသည်။

ယခု အစည်းအဝေးသည် ၂၀၁၉ ခုနှစ်တွင် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ထမ်းဆောင်မည့် ထိုင်းနိုင်ငံ၏ လက်ထက်တွင် ပထမဆုံးအကြိမ် ကျင်းပသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ သီးသန့် အစည်းအဝေးဖြစ်ပြီး၊ ယခုနှစ်အတွက် အာဆီယဥက္ကဋ္ဌ၏ ဆောင်ပုဒ်မှာ “စဉ်ဆက်မပြတ် တည်တံ့ဖို့ မိတ်ဖက်ဆက်ဆံရေး တိုးမြှင့်စို့ (Advancing Partnership for Sustainability)” ဖြစ်ပါသည်။ ထိုင်းနိုင်ငံအနေဖြင့် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်အထိ ထမ်းဆောင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

 
Consulate - General of the Republic of the Union of Myanmar
Chiang Mai, Kingdom of Thailand